Monday, May 1, 2017

ဘက်စုံပညာထူးချွန်လူငယ်များအား ဟောပြောဆွေးနွေးပွဲနှင့် လူရည်ချွန်ဟောင်းကြီးများတွေ့ဆုံပွဲကျင်းပ



Image may contain: one or more people
ညောင်ရွှေ ဧပြီ ၃ဝ
အင်းလေးအပန်းဖြေစခန်း၌ ၂ဝ၁၇ ခုနှစ် ဘက်စုံပညာထူးချွန်လူငယ် မောင်မယ်များအား ဟောပြောဆွေးနွေးပွဲနှင့် လူရည်ချွန်ဟောင်းကြီးများက အသိပညာလက်ဆင့်ကမ်း ပို့ချပွဲကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် အထက(၁)ညောင်ရွှေ၌ ကျင်းပသည်။
အစီအစဉ်ပထမပိုင်းအဖြစ် ဟောပြောဆွေးနွေးပွဲကို ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ''ရာသီဥတု ပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းလှက ''လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် စိုက်ပျိုး ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် မှု'' ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပို့ချခဲ့သည်။
မွန်းလွဲပိုင်းတွင် လူရည်ချွန် ကျောင်းသားဟောင်းကြီးများက ဘက်စုံပညာထူးချွန်လူငယ်များအား အသိပညာများလက်ဆင့်ကမ်းပို့ချ ခြင်း၊ ဉာဏ်စမ်းပဟေဠိ ဆန်းစစ်လွှာ များစစ်ဆေးခြင်းနှင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း) 
ဓာတ်ပုံ-ဇော်ဘီ

No comments:

Post a Comment