Monday, May 29, 2017

ရေနံစိမ်းဈေးနှုန်း ပြန်လည်မြင့်တက်လာသည့်အတွက်ရေနံလက်ယက်တွင်းတိမ်တူးဖော်သူများ အဆင်ပြေ

Image may contain: sky, cloud and outdoor
မကွေး မေ ၂၈
မကွေးတိုင်းဒေသကြီးအတွင်း ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ ရေနံစိမ်း ဈေးကွက် ငွေကျပ် ၄ဝဝဝဝ အထိ ကျဆင်းခဲ့ရာမှ ငွေကျပ် ၁ဝဝဝဝဝ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
၂ဝ၁၅ နိုဝင်ဘာလမှ ၂ဝ၁၆ ဇန်ဝါရီလအထိ ဒေါ်လာ ၃ဝ အောက်အထိ လျော့ကျပြီး လက်ယက်တွင်းတိမ်ရေနံဈေးနှုန်း ငွေကျပ် ၄ဝဝဝဝ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။ ဈေးကွက်ကျဆင်းရသည့်အဓိကအကြောင်းအရင်းမှာ အမေရိကန်နိုင်ငံ နုန်းကျောက်(Shale)မှ ရေနံစိမ်းထုတ်လုပ်မှု များပြားလာပြီး ကမ္ဘာ့ဈေးကွက်ရေနံပိုလျှံမှုဖြစ်ကာ ဒေါ်လာ ၃ဝ အောက်အထိ ကျဆင်းခဲ့သည်။
ဒေါ်လာ ၃ဝ ဝန်းကျင်အထိ ကျဆင်းလာသည့်အတွက် အမေရိကန် နုန်းကျောက်(Shale)မှ ရေနံစိမ်းထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှု လျော့ကျလာသည့် အတွက် ရေနံစိမ်းဈေးကွက် ဒေါ်လာ ၄ဝ ဝန်းကျင်အထိ ပြန်လည်ဦးမော့ လာခဲ့သည်။
၂ဝ၁၇ ခုနှစ်နိုဝင်ဘာလတွင် OPEC အဖွဲ့ဝင်နိုင်ငံများမှ ရေနံထုတ်လုပ် မှုလျှော့ချရန် သဘောတူညီမှုရရှိသည့်အတွက် ဈေးနှုန်းပြန်မာလာပြီး ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှာ ရေနံစိမ်းထုတ်လုပ်မှုလျှော့ချခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အတွက် ဈေးကွက်ပြန်လည်မြင့်တက်လာခဲ့သည်။
''ယခုတစ်ပတ်မှာ ကမ္ဘာ့ရေနံစိမ်းဈေး ဒေါ်လာ ၅ဝ ဝန်းကျင်အထိ မြင့်တက် လာပြီး မှော်တွင်း ရေနံစိမ်းဈေးနှုန်းက ငွေကျပ် ၁ဝဝဝဝဝ အထိ မြင့်တက်လာ တယ်လို့ ရေနံလက်ယက်တွင်းလုပ်ကိုင်နေသူတွေအတွက် မနှစ်ကထက် ပိုပြီး အဆင်ပြေလာတယ်'' ဟု ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းကိုက ပြောသည်။
မင်းထီး(မကွေး)

No comments:

Post a Comment