
ကဘူး မေ ၂၈
အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်ဥပုသ်လ ပထမနေ့တွင် အာဖဂန်နစ္စတန်နိုင်ငံ၌ အသေခံဗုံးတစ်လုံးပေါက်ကွဲ ခဲ့ရာ လူ ၁၃ ဦးသေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများအရသိရသည်။
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ ခို့စ်စီရင်စုတွင် စစ်တပ်ဖွဲ့ယာဉ်တန်းလာနေစဉ် အသေခံဗုံးတပ်ဆင်ထားသော ကားတစ်စီးက အဆိုပါယာဉ်တန်းကို ဝင်ရောက်တိုက်မိ ခဲ့ခြင်းဖြစ်သည်ဟု ဒေသန္တရအာဏာပိုင်များက ဆိုသည်။
အဆိုပါအကြမ်းဖက်မှုကို တာလီဘန်စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။ အမေရိကန်စုံစမ်းထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် အာဖဂန်စစ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တာလီဘန် စစ်သွေးကြွအဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။
ရာမဒန်ဥပုသ်လအတွင်း စစ်သွေးကြွများက ယခု ကဲ့သို့သော အကြမ်းဖက်မှုများ ထပ်မံလုပ်ဆောင်နိုင်ဖွယ် ရှိသည့်အတွက် အာဖဂန်အာဏာပိုင်များက လုံခြုံရေးတင်းကျပ်စွာချထားမည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment