
မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ရှိ တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့အကြား ဖြတ်သန်းစီးဆင်းသော မယ်ဆိုင်ရေ ချောင်းအတွင်းမှ ငှက်ပျောရေဆိပ် ကို ထိုင်းဘက်က ပြန်လည်ဖယ်ရှား ခြင်းကို မေ ၂၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
ယင်းသို့ ဖယ်ရှားရာတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လယ်သမားများနှင့် တာဝန်ရှိသူများက ပြန်လည်ဖယ်ရှား ခြင်းဖြစ်ပြီး ရေတားဖယ်ရှားရာသို့ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း ရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးထွန်းဝင်းအောင်နှင့် အဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက သွားရောက်၍ ရေစီးရေလာ ကောင်းမွန်ရေး ကြီးကြပ်ဆောင်ရွက် ပေးသည်။
အဆိုပါ ငှက်ပျောရေတားကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လယ်သမား များက စိုက်ပျိုးရေရရှိရေးအတွက် ယင်းရေတားများကို ဆောင်ရွက်ခဲ့ သဖြင့် တာချီလိတ်မြို့တွင် မိုးရာသီ ကာလအတွင်း မြေနိမ့်ပိုင်းနေရာများ တွင်း ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ် ခဲ့ရာ နှစ်ဖက်ညှိနှိုင်း သဘောတူညီ ချက်အရ ယခုကဲ့သို့ ပြန်လည် ဖယ်ရှားပေးခြင်းဖြစ်ကြောင်း သိရ သည်။
ဝေယံလင်း (ပြန်/ဆက်)
No comments:
Post a Comment