Tuesday, May 2, 2017

နဘားတွင် မိုးသက်လေပြင်းကျခဲ့ပြီး မိုးကြိုးပစ်ချရာမှ ဓာတ်တိုင်ခြောက်တိုင် ကျိုးကျပျက်စီး

Image may contain: one or more people, tree, sky, outdoor and nature
အင်းတော် မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းရှိ သက်တမ်းရင့်ညောင်ပင်အား ဧပြီ ၃ဝ ရက် နံနက် ၂ နာရီက မိုးသက်လေပြင်းကျခဲ့ပြီး မိုးကြိုးပစ်ချရာ သစ်ကိုင်း ကျိုးကျခဲ့၍ အင်းတော်မြို့နှင့် နဘားရွာအောင်သပြေ ရပ်ကွက်သို့ ဆက်သွယ်ထားသော လျှပ်စစ်မီးကြိုးအပေါ် ပိကျခဲ့ပြီး လျှပ်စစ်ဓာတ်ကြိုး၏ ဆွဲအားကြောင့် ဓာတ်တိုင် ခြောက်တိုင် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နဘားအုပ်ချုပ်ရေးမှူး၊ ကျေးရွာမီးလင်းရေး ကော်မတီအဖွဲ့၊ မြို့နယ်လျှပ်စစ်မှူး ဦးတင်ထွန်းနိုင်နှင့် လျှပ်စစ်ဝန်ထမ်းများ၊ နယ်မြေခံမီးရထားရဲတပ်ဖွဲ့ဝင်များ၊ မီးရထားစက်မှု (လျှပ်စစ်)ဌာနမှ ဝန်ထမ်းများ၊ ကျေးရွာသူ ကျေးရွာသားများ ပူးပေါင်းကာ အချိန်မီရှင်းလင်းနိုင်ခဲ့ ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)

No comments:

Post a Comment