Tuesday, May 2, 2017

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ရေသယ်ယာဉ်တစ်စီးပေးအပ်လှူဒါန်း

Image may contain: one or more people, people standing and outdoor
သာစည် မေ ၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့ နယ် ဇေယျာသုခရေလှူအသင်း အတွက် ကမ္ဘောဇအနာဂတ်အလင်း တန်း မြန်မာဖောင်ဒေးရှင်းမှ ရေ သယ်ယာဉ်တစ်စီး ပေးအပ်လှူဒါန်းပွဲ ကို ဧပြီ ၂၉ ရက် နံနက် ၁ဝ နာရီက သာစည်မြို့နယ် ကမ္ဘောဇဘဏ် လီမိတက်၌ ကျင်းပသည်။
အခမ်းအနားတွင် ကမ္ဘောဇဘဏ် လီမိတက် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာဦးတင်ထွန်းနှင့် ဖောင် ဒေးရှင်းမှ တာဝန်ရှိသူများက သာစည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် များနှင့် ရေရှားပါးသော သာစည် မြို့နယ်အနီး ပတ်ဝန်းကျင်ကျေးရွာ ၂၆ ရွာတွင် ရေလှူဒါန်းနိုင်ရန်အတွက် ရေဂါလန် ၃ဝဝဝ ဆံ့ ရေသယ်ယာဉ် တစ်စီးကို ပေးအပ်လှူဒါန်းရာ သာစည်မြို့ ဇေယျာသုခရေလှူအသင်း ဥက္ကဋ္ဌ ဦးဟန်ခင်နှင့် တာဝန်ရှိသူ များက လက်ခံရယူကြသည်။
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် မြန်မာ နိုင်ငံအနှံ့အပြားတွင် အဝီစိ စက်ရေတွင်းများ တူးဖော်လှူဒါန်းခြင်း၊ ရေကန်များ ပြန်လည်ဆည်ဖို့ခြင်းနှင့် ရေသယ်ယာဉ်များ ပေးအပ်လှူဒါန်း လျက်ရှိရာ ၂ဝ၁၆ ခုနှစ်အတွင်း ရေသယ်ယာဉ် ၄၄ စီးကို ဝယ်ယူခဲ့ပြီး ရေရှားပါးသော ဒေသများသို့ ရေဂါလန်ပေါင်း သန်းချီ၍ ဖြန့်ဝေ လှူဒါန်းခဲ့သည်။ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ ဦးဆောင်မှုဖြင့် ယခုအချိန်အထိ ရေသယ်ယာဉ် ၃၆ စီးကို ရေရှားပါးသော ဒေသများသို့ ပေးအပ်လှူဒါန်းထားပြီး ဧပြီလ အတွင်း ရေရှားပါးသောဒေသများဖြစ် သည့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဖားအောက်တောရ ဓမ္မရိပ်သာ၊ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ဝဲပဒန်ကျေးရွာနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့ရှိ မေတ္တာရှင်ကုသိုလ်ဖြစ် အခမဲ့ ဆေးရုံတို့တွင် ရေတွင်းတူး စက်ကြီးများဖြင့် တစ်ပြိုင်နက် တူးဖော်လှူဒါန်းပေးလျက်ရှိသည်။ ယခုဆိုလျှင် မြန်မာနိုင်ငံအနှံ့အပြား တွင် စက်ရေတွင်းပေါင်း ၁၅၁ တွင်း တူးဖော်လှူဒါန်းအောင်မြင်ခဲ့ကြောင်း သိရသည်။
(ဝ၁ဝ)

No comments:

Post a Comment