Tuesday, May 2, 2017

ဝေဟင်နှင့်ရေပြင် မောင်းနှင်နိုင်သောလေယာဉ် တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ် ခရီးစဉ်ပျံသန်းမှု ပြုလုပ်

Image may contain: airplane
ပေကျင်း မေ ၁
ဝေဟင်နှင့် ရေပြင်တွင် မောင်းနှင်နိုင်သော လေယာဉ်တစ်မျိုးကို တရုတ်နိုင်ငံက တည်ဆောက်ခဲ့ပြီးဖြစ်ရာ ပထမဆုံးအကြိမ် ခရီးစဉ်ပျံသန်းမှုကို ဧပြီ ၃ဝ ရက်က ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက မေ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံတောင်ပိုင်း ကျူဟိုင်း မြို့၌ အေဂျီ-၆ဝဝ အမျိုးအစား ဝေဟင်နှင့် ရေပြင်တွင် မောင်းနှင်နိုင်သော လေယာဉ်၏ခရီးစဉ် ပျံသန်းမှုကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ပြည်တွင်း၌ တည်ဆောက်ခဲ့သော အေဂျီ-၆ဝဝ အမျိုးအစား လေယာဉ်ကို တောမီးငြှိမ်းသတ်နိုင်ရန် လည်းကောင်း၊ ပင်လယ်ပြင်အတွင်း ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ဆောင်နိုင်ရန်လည်းကောင်း အသုံးပြုနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလေယာဉ်အား တရုတ်နိုင်ငံ၏ နိုင်ငံရေပိုင်နက်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက်လည်း အသုံးပြုနိုင်မည်ဆို၏။
တရုတ်နိုင်ငံသည် တပ်မတော်ခေတ်မီတိုးတက်ရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော် လျက်ရှိနေချိန်တွင် ဝေဟင်နှင့် ရေပြင်သွားလာနိုင်သော လေယာဉ်ကို တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ကနဦးအနေဖြင့် အေဂျီ-၆ဝဝ အမျိုးအစား လေယာဉ်၏ ပထမဆုံးအကြိမ် ခရီးစဉ်ပျံသန်းမှုကို မေလ နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထား ခဲ့သော်လည်း မူလအစီအစဉ်ပါ အချိန်ဇယား သတ်မှတ်ချက်ထက် စောစွာခရီးစဉ် ပျံသန်းခြင်းဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment