Tuesday, May 2, 2017

ပြုံယမ်းအရေးနှင့်ပတ်သက်ပြီး စင်ကာပူ၊ ထိုင်းဝန်ကြီးချုပ်များနှင့် သမ္မတထရန့် တိုင်ပင်ဆွေးနွေး

Image may contain: 3 people
ဝါရှင်တန် မေ ၁
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ နှင့်အတူ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား လက်နက်ဖွံ့ဖြိုးလာမှုနှင့်ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများရှိစေရန် တယ်လီဖုန်းမှတစ်ဆင့် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း ယနေ့သတင်းများအရသိရသည်။
ဧပြီ ၃ဝ ရက်တွင် သမ္မတဒေါ်နယ်လ်ထရန့်က စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းနှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့အား တယ်လီဖုန်းသီးခြားခေါ်ဆိုခဲ့ကြောင်း အိမ်ဖြူတော်အရာရှိများက ဆိုသည်။
နိုင်ငံ့ခေါင်းဆောင်သုံးဦးတို့သည် ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရာတွင် ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် ထပ်လောင်းအတည်ပြုခဲ့ကြသည်။ ထို့ပြင် စင်ကာပူဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့အား အိမ်ဖြူတော်သို့ အလည်အပတ်လာရောက်ရန် သမ္မတထရန့်က ဖိတ်ခေါ်ခဲ့သည်။
သမ္မတထရန့်သည် ထိုင်းနှင့်စင်ကာပူနိုင်ငံ ခေါင်းဆောင်များနှင့် မြောက်ကိုရီးယားအရေး တိုင်ပင်ဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု အေဘီစီရုပ်သံလိုင်းတစ်ခုနှင့် အင်တာဗျူးတစ်ရပ်တွင် ပြောကြားခဲ့ကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက ဆိုသည်။
ပြုံယမ်း၏ နျူကလီးယားလက်နက် ဖွံ့ဖြိုးလာမှုသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကို ဖြစ်စေသည်ဟု အိမ်ဖြူတော်အရာရှိက ၄င်း၏ယူဆချက်ကိုဖော်ပြသည်။ ထို့ကြောင့် အမေရိကန်နှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment