Wednesday, May 31, 2017

ကျောင်းအပ်နှံရေးနေ့အခမ်းအနား လယ်ဝေးမြို့၌ ကျင်းပ



Image may contain: 3 people, people standing
လယ်ဝေး မေ ၃ဝ
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ၂ဝ၁၇ - ၂ဝ၁၈ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၈ နံနက် ၉ နာရီက အထက(၁)ရွှေရတုခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ကျောင်းနေအရွယ်ကလေးများ အားလုံးအခမဲ့ ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ဆရာ၊ မိဘအုပ်ထိန်းသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းထွက်နှုန်း လျော့ကျစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကျောင်းနေအရွယ်ကလေးများ အားလုံး ကျောင်းအပ်နှံရေး နှိုးဆော်ပေးရန်စသည်ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးနေဇော်တို့က အမှာစကားပြောကြားကြပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးကြာညွန့်က ပညာရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးသည်။ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက အခမဲ့ထောက်ပံ့ပစ္စည်း များပေးအပ်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူပြီး ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment