Monday, May 1, 2017

ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနှင့် နွေရာသီစာအုပ်ဈေးရောင်းပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပ

Image may contain: one or more people, people sitting and crowd
ရန်ကုန် ဧပြီ ၃ဝ
ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနှင့် နွေရာသီစာအုပ် ဈေးရောင်းပွဲတော်ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ကျင်းပသည်။
ဒုတိယနေ့ စာတမ်းဖတ်ပွဲ နံနက်ပိုင်းအစီအစဉ်တွင် သဘာပတိများအဖြစ် ဒေါက်တာမြင့်ဇံနှင့် ဒေါက်တာ ဇော်ထွန်းတို့က ဆောင်ရွက်ကြပြီး စာတမ်းရှင် ဒေါ်ခင် ဖုဏ်းရည်(နတ်မောက်အနီချို)က ''ကလေးစာပေ ဘာသာပြန်အတတ်ပညာ'' စာတမ်းနှင့် စာတမ်းရှင် ဦးဝင်းထွန်း(မောင်ဝင့်သူ)က ''ဘာသာပြန်မှုဂရုပြုစရာ အဖြာဖြာ'' စာတမ်းတို့ကိုဖတ်ကြားကြကာ တက်ရောက် လာကြသူများ၏ မေးမြန်းချက်များကို စာတမ်းရှင်များက ပြန်လည်ဆွေးနွေးဖြေကြားကြသည်။
မွန်းလွဲပိုင်းစာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် ဦးခင်မောင်စိုး(မောင်သာမည)နှင့် ဦးအေးမောင်ကျော် တို့က ဆောင်ရွက်ကြပြီး စာတမ်းရှင် ဦးညိုထွန်း(မင်းတင်)က ''အကူးအပြောင်းကာလနှင့် နိုင်ငံရေးဘာသာပြန် စာပေ၏ အခန်းကဏ္ဍ'' စာတမ်း၊ စာတမ်းရှင် ဦးမောင် မောင်စိန်(ဒီနိုဗို)က ''ရသစာပေ ဘာသာပြန်ခြင်း(သို့မဟုတ်) ယဉ်ကျေးမှုဝတ်မှုန်ကူးခြင်း''စာတမ်းနှင့် စာတမ်းရှင် ဦးခင်မောင်မြင့်(ပန်းတနော်ခင်မောင်မြင့်)က ''မြန်မာနိုင်ငံ ၏ သဘာဝသယံဇာတ တွင်းထွက်ဓာတ်သတ္တုသိုက်များအကြောင်း ဘာသာပြန်ထုတ်ဝေခဲ့သော စာအုပ်စာတမ်း များကို လေ့လာသုံးသပ်ခြင်း''စာတမ်းတို့ကို ဖတ်ကြားကာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို စာတမ်း ရှင်များက ပြန်လည်ဆွေးနွေးဖြေကြားကြသည်။
ဘာသာပြန်စာပေစာတမ်းဖတ်ပွဲကို မေ ၁ ရက် နံနက် ၁ဝ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ဦးရဲထွဋ်(သန်လျင်မောင်ဝင်းဝါ)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ရဲမြင့်ကျော်၊ ဦးလှမြင့်နှင့် ဒေါက်တာစိန်မြင့် တို့က သက်ဆိုင်ရာကဏ္ဍအလိုက် စာတမ်းများကိုဖတ်ကြား ကြမည်ဖြစ်သည်။
ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနှင့်အတူ နွေရာသီ စာအုပ်ဈေးရောင်းပွဲတော်ကို ဗဟိုပုံနှိပ်စက်ရုံဝင်း မြေညီထပ်၊ ပထမထပ်တို့၌ကျင်းပလျက်ရှိရာ စာအုပ်အရောင်းဆိုင်များ တွင် ရဟန်းသံဃာများ၊ စာပေချစ်မြတ်နိုးသူ၊ လေ့လာဝယ်ယူ အားပေးသူများဖြင့် စည်ကားလျက်ရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment