Wednesday, May 31, 2017

မော်စကိုတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၃ ဦးသေဆုံးပြီး ၇ဝ ကျော် ဒဏ်ရာရ



Image may contain: car and outdoor
မော်စကို မေ ၃ဝ
ရုရှားနိုင်ငံ မော်စကိုမြို့တွင် တနင်္လာနေ့က မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၃ ဦးသေဆုံးပြီး ၇ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူများက ပြောကြားသည်။
လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လျှပ်စီးလက် မိုးကြိုးပစ်ခြင်းများ မော်စကိုမြို့တွင် ဖြစ်ပွားခဲ့သည်။
မုန်တိုင်းကြောင့် သစ်ပင် ၄ဝဝ ခန့် ပြိုလဲခြင်း၊ အဆောက်အအုံ ခေါင်မိုး များလန်ခြင်းနှင့် လမ်းဘေးတွင် ထောင်ထားသည့် ဆိုင်းဘုတ်များ လဲပြိုခြင်းများ ဖြစ်ပွားခဲ့သည်။
လျှပ်စစ်ဓာတ်ကြိုးများ ပြတ်တောက်နေသည့်အတွက် လမ်းအတော်များများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ လေကြောင်းလိုင်းများ နှောင့်နှေးကြန့် ကြာခဲ့ရသကဲ့သို့ အခြားသော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည်လည်း ရပ်ဆိုင်းသွားခဲ့ရသည်။
မော်စကိုမြို့သည် ယခုလ အစောပိုင်းတွင် အချိန်အခါမဟုတ် ဆီးနှင်းများကျရောက်ခဲ့ပြီး အချို့ရက်များတွင် အပူချိန်သည် ၂ဝ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လေ့ရှိသည်။ ဒေသဆိုင်ရာ မိုးလေဝသတာဝန်ရှိသူများက တည်ငြိမ်မှုမရှိသော ဆိုးရွားသည့်ရာသီ ဥတုအခြေအနေများ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း သတိပေးပြော ကြားထားသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment