Tuesday, May 30, 2017

ကျောက်ပန်းတောင်းမြို့နယ်၏ မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းနယ်မြေတို့တွင် လျှပ်စစ်ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးနိုင်ရေး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားဆောင်ရွက်နိုင်ရန် တင်ပြတောင်းခံသွားမည်ဖြစ်



 နေပြည်တော် မေ ၂၉


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပပြီး မေးခွန်းရှစ်ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခု အတည်ပြုခြင်း၊ အဆိုတစ်ခုနှင့် အစီရင်ခံစာတစ်ခု တင်သွင်းခြင်းတို့ကို ဆောင် ရွက်ကြသည်။
အစည်းအဝေးတွင် ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးရွှေကို၏ ကျောက်ပန်းတောင်းမြို့နယ်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်မြေတို့တွင် 5MVA “ဓာတ်အားခွဲရုံများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ကျောက်ပန်းတောင်းမြို့နယ်၏ မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းနယ်မြေတို့တွင် လျှပ်စစ်ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးနိုင်ရေး ပထမပိုင်းလုပ်ငန်းအဆင့် လိုအပ်သော 66 KV ဓာတ်အားလိုင်း စုစုပေါင်း ၂၇ မိုင်နှင့် 5 MVA ဓာတ်အားခွဲရုံ နှစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျစရိတ် စုစုပေါင်း ငွေကျပ် ၃၂၂၆ ဒသမ ဝ၉၇ သန်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားဆောင်ရွက်နိုင်ရန် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေ ပြည့်စုံလုံလောက်စွာ ရရှိသောနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။
ကျောက်ပန်းတောင်းမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာ များ “ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်11KV “ဓာတ်အားလိုင်း မိုင် ၃ဝ ခန့်၊ ၁၁/ဝ ဒသမ ၄ KV ထရန်စဖော်မာ ၃၇ လုံးခန့် နှင့် တောင်ဘက်ခြမ်းရှိ ကျေးရွာများ “ဓာတ်အားဖြန့်ဖြူးပေးနိုင် ရန် 11 KV ဓာတ်အာလိုင်း ၄ဝ မိုင်ခန့်နှင့် ၁၁/ဝ ဒသမ ၄KV ထရန်စဖော်မာ ၆၅ လုံးခန့်အား ထပ်မံတည်ဆောက် ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက် (NEP)တွင် ထည့်သွင်းလျာထားပေးခြင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နောင်လာမည့် ဘဏ္ဍာရေး နှစ်များတွင် ရန်ပုံငွေများထည့် သွင်းလျာထားပေးရန် ညှိနှိုင်း ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
‘ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ မီးလင်းရေး ကော်မတီများ လိုက်နာရန်အချက်များ ဖြေလျှော့ပြောင်းလဲ သတ်မှတ်ခြင်း၊ လျှပ်စစ်နှင့်ပတ်သက်သော တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကျေးရွာနေအိမ်ထောင်စုအားလုံးနီးပါး လျှပ်စစ် မီးသုံးစွဲနိုင်ရေးနှင့် တရားမဝင်ဆင့်ပွားမီးတပ်ဆင်အသုံးပြုခြင်း ပပျောက်ရေးတို့အတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထား သည်ကိုသိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ခေတ်စနစ်နှင့်လိုက်လျောညီထွေသော သတ်မှတ်ချက်များဖြစ်စေရန် ၂ဝ၁၄ ခုနှစ် ဇွန် ၁၇ ရက်တွင် မီးလင်းရေးကော်မတီများလိုက်နာရန်အချက် ၂၄ ချက်မှ ၁၂ ချက်သို့ ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ပြင်ဆင်ဖြေလျှော့ပေး ထားသော အချက် ၁၂ ချက်သည်လည်း ယခင်သတ်မှတ် ချက် ၂၄ ချက်ဖြင့် ကတိဝန်ခံချက် ရေးထိုးဆောင်ရွက်ခဲ့သော မီးလင်းရေးကော်မတီများနှင့် အကျုံးဝင်သက်ဆိုင်ပါသဖြင့် ဖြေလျှော့ပေးထားသည့် အချက် ၁၂ ချက်အတိုင်း လိုက်နာ ကျင့်သုံး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ဆင့်ပွားဓာတ်အားပေးနေမှုဖြစ်စဉ်များ စိစစ်တွေ့ရှိပါက ဓာတ်အားဖြတ်တောက်ခြင်း၊ ၄င်း၏တပ်ဆင်ဝန်အားအလိုက် ဒဏ်ငွေပေးဆောင်စေခြင်းနှင့် နောင်တွင် အလားတူဖြစ်စဉ် မျိုးထပ်မံဖြစ်ပေါ်လာပါက ချိုးဖောက်သူအား ရာသက်ပန် ဓာတ်အားဖြတ်တောက်မည်ဖြစ်ကြောင်း ဓာတ်အားသုံးသူအား ဝန်ခံကတိများရေးထိုးစေခြင်းတို့ကို တိုင်းဒေသကြီး/ ပြည်နယ် အလိုက် စီမံချက်များချမှတ်ကာ စိစစ်အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း။
တရားမဝင်”ဓာတ်အားသုံးစွဲမှုများကြောင့် တစ်နိုင်ငံလုံး တွင် ၂ဝ၁၆ ခုနှစ် ဧပြီမှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီအထိ ၁ဝ လ အတွင်း အမှုပေါင်း ၆ဝ၉ မှုကို ဖော်ထုတ်အရေးယူခဲ့ပြီး ဒဏ်ကြေးငွေ စုစုပေါင်း ငွေ$ကျပ် ၆၁၆ သန်းကျော် သတ်မှတ် ပေးဆောင်စေခဲ့ပါကြောင်း၊ တရားမဝင်ဆင့်ပွား မီးသုံးစွဲနေ မှုများတွေ့ရှိကြောင်းတိုင်ကြားလာပါက ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဝင်းအောင်၏ ခင်ဦးမြို့နယ် ဥယျာဉ်ရွာအနီး မူးမြစ်ကမ်းတွင် ကျောက်စီမြေထိန်းနံရံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဥယျာဉ်ရွာအနီး မူးမြစ်ကမ်းပြိုမှုဖြစ်ပေါ်ခဲ့သောနေရာများကို ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းတာရရှိသော အချက်အလက် များအပေါ် မူတည်၍ လိုအပ်သည့် ကမ်းပြိုကာကွယ်ရေးအစီ အမံများ ရေးဆွဲတွက်ချက်ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာကူညီပံ့ပိုးပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ ကျိုက်မရောမဲဆန္ဒနယ်မှ ဦးစောကျော်ဝင်းမောင်၊ ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေ၊ မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုတို့ မေးမြန်းသည့် စက်သုံးဆီအရောင်း ဆိုင်များ မြို့ပြင်သို့ ပြောင်းရွှေ့ပေးရေး၊ လျှပ်စစ်မီးလင်းရေးနှင့် ပို့ဆောင်ရေးကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဦးကျော်မျိုးတို့က ပြန်လည် ဖြေကြားခဲ့ကြသည်။
ထို့နောက် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက ပြည်တွင်း၌ ထုတ်လုပ်နေသော ယူရီးယားဓာတ်မြေသြဇာများ၏ အရည် အသွေးကို ထိန်းသိမ်းနိုင်ရန် စနစ်တကျထုပ်ပိုးပြီး တောင်သူ များလက်ဝယ်သို့ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် အဆင်ပြေ ချောမွေ့စွာ ဖြန့်ဖြူးပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ပြီး ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်း ကြရန် အသိပေးကြေညာထားသည်။
ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာအား အတည်ပြုခြင်း၊ အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော '' ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေကြမ်း'' လက်ခံရရှိ ကြောင်း လွှတ်တော်သို့အသိပေးခြင်းနှင့် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာဖတ်ကြားခြင်းတို့ကိုလည်း ဆောင် ရွက်ခဲ့ကြသည်။ ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment