Tuesday, May 30, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကြည်းတပ်ဦးစီးချုပ်နှင့် ဗီယက်နမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့အား သီးခြားစီတွေ့ဆုံ




 နေပြည်တော် မေ ၂၉


 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ သမ္မတနိုင်ငံ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးBipin Rawatအား ယနေ့ မွန်းလွဲ ၂ နာရီတွင် လည်းကောင်း၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Dang Dinh Quy အား မွန်းလွဲ ၃ နာရီ ၁ဝ မိနစ်တွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီ လက်ခံ တွေ့ဆုံသည်။
အိန္ဒိယသမ္မတနိုင်ငံ ကြည်းတပ်ဦးစီးချုပ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံစိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းပျံသန်းပြေးဆွဲမှု တိုးမြှင့်ရေးကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment