Tuesday, May 30, 2017

ဖိလစ်ပိုင်တောင်ပိုင်းရှိ အစ္စလာမ္မစ်သူပုန်များအား တိုက်ထုတ်အောင်မြင်နိုင်တော့မည်ဖြစ်ကြောင်း ဖိလစ်ပိုင်တပ်မတော်ပြောကြား



မနီလာ မေ ၂၉

 

အစ္စလာမ္မစ်စစ်သွေးကြွများက ထိန်းချုပ်ထားခဲ့သည့် တောင်ပိုင်းမြို့ကို ပြန်လည် အရယူနိုင်ရန် နီးကပ်လာပြီဖြစ်ကြောင်း ဖိလစ်ပိုင်တပ်မတော်က ပြောကြားခဲ့ သည်။
အိုင်အက်စ်စစ်သွေးကြွများနှင့် မဟာမိတ်ပြုထားသည့် သူပုန်များထိန်းချုပ် ထားရာနေရာများကို ဖိလစ်ပိုင်တပ်မတော်လေယာဉ်များက ဒုံးကျည်များကို ပိုမို ပစ်လွှတ်တိုက်ခိုက်လျက်ရှိသည်။ မာရဝီမြို့၌ မော်တီစစ်သွေးကြွများနှင့် ဖြစ်ပွား လျက်ရှိသည့် ပဋိပက္ခတိုက်ပွဲများသည် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်မှုကာလအတွင်း အကြီးကျယ်ဆုံးလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ဝင်ရောက်လာခဲ့သည်။
သေနတ်သမားများသည် လေကြောင်းနှင့်မြေပြင် ကျူးကျော်တိုက်ခိုက်မှု များကိုပြုလုပ်နေဆဲဖြစ်ပြီး လူဦးရေနှစ်သိန်းခန့်ရှိသည့် မာရဝီမြို့၏အချက်အချာ ကျသည့် အစိတ်အပိုင်းများကို ထိန်းချုပ်ဆုပ်ကိုင်ထားဆဲဖြစ်သည်။
စစ်ပွဲနိဂုံးချုပ်လုနီးပြီဖြစ်သည်ဟု စစ်ရေးòန်ကြားမှုကို ဦးဆောင်နေသူများ က အခိုင်အမာပြောဆိုခဲ့ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ရက်စတီ ကျူတိုပက်ဒီလာက သတင်းထောက်များအား ပြောကြားခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment