Tuesday, May 30, 2017

တစ်နှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် တံတားပေါင်း ၇၅၆ စင်းတည်ဆောက်နိုင်ခဲ့

No automatic alt text available.
စစ်ကိုင်း မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏တစ်နှစ်တာကာလ အတွင်း ချင်းတွင်းမြစ်ကူး ခန္တီး-ဟုမ္မလင်းနှင့် ကလေးဝ တံတားများ၊ မူးမြစ်ကူး သမရိုးတံတား၊ ကနီယွင်းသွင် တံတားအပါအဝင် ပေ (၁၈ဝ) အထက်တံတား နှစ်စင်းနှင့် ပေ (၁၈ဝ) အောက်တံတား ၇၅၄ စင်း စုစုပေါင်းတံတား ၇၅၆ စင်း တည်ဆောက်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
''နိုင်ငံတော်ရဲ့ပြုပြင်ပြောင်းလဲလာတဲ့ နိုင်ငံရေးစနစ် နဲ့အညီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်းများကို နိုင်ငံတကာအဆင့်မီလမ်းမကြီးများအဖြစ် ပေါ်ပေါက် လာစေဖို့နဲ့ ဆင်းရဲမှုလျှော့ချရေးရည်မှန်းချက်ကို အထောက် အကူပြုစေဖို့အတွက် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့ စေဖို့၊ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်လာစေဖို့ လမ်း၊ တံတားတွေကို တည်ဆောက် နေတာဖြစ်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ကမ္ဘာ့ဘဏ် တို့ရဲ့ ချေးငွေတွေနဲ့လမ်းတွေကို အဆင့်မြှင့်တင်နေသလို ပြည်ပနိုင်ငံတွေရဲ့ အထောက်အပံ့တွေကိုရယူပြီး ဆောင်ရွက်ဆဲဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးတွေကို ခုနစ်မီတာအကျယ် ကတ္တရာလမ်းအဆင့်နဲ့ နိုင်ငံတကာ ဆက်သွယ်တဲ့လမ်းတွေ ပြည်ထောင်စုလမ်းတွေကို မြေလမ်း၊ အမာခံလမ်းနဲ့ ကျောက်လမ်းတွေအဖြစ် ၃ ဒသမ ၅ မီတာ ၅ ဒသမ ၅ မီတာ အကျယ်ကတ္တရာလမ်းကနေ ခုနစ် မီတာအကျယ် ကတ္တရာကွန်ကရစ်လမ်းအဖြစ် ဘဏ္ဍာ နှစ်အလိုက် ရရှိတဲ့ရန်ပုံငွေအပေါ်မူတည်ပြီး အဆင့်ဆင့် တိုးမြှင့်ဖောက်လုပ်နေပါတယ်''ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ အဆင့်မြှင့်ဖောက်လုပ်ရာတွင် ၄၉ မိုင် ၄ ဖာလုံ ရှိသော ကွန်ကရစ် AC လမ်း၊ ၄၄ မိုင်ကျော်ရှိသော ကွန်ကရစ်လမ်း၊ ၁၅၂ မိုင်ကျော်ရှိသော ကတ္တရာလမ်း၊ ၁ဝ၈ မိုင်ကျော်ရှိသော ကျောက်လမ်း၊ ၁ဝ၁ မိုင်ကျော်ရှိသော အမာခံလမ်း၊ ၉၈ မိုင်ကျော်ရှိသော မြေသားလမ်း စုစုပေါင်း လမ်းမိုင် ၅၄၃ မိုင်ကျော်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment