Tuesday, May 30, 2017

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည်ထပ်မံစမ်းသပ်




ဆိုးလ် မေ ၂၉


 မြောက်ကိုရီးယားနိုင်ငံက မေ ၂၉ ရက် အစောပိုင်းတွင် ပဲ့ထိန်းဒုံးကျည်စမ်းသပ် မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း တောင် ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။
စကဒ်ဒုံးကျည်ပုံစံမျိုးဖြစ်သည့် အဆိုပါပဲ့ထိန်းဒုံးကျည်ကို မြောက် ကိုရီးယားနိုင်ငံ ဝူဆန်ဒေသမှ ဒေသ စံတော်ချိန်နံနက် ၅ နာရီ ၃၉ မိနစ်က စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ဒုံးကျည်သည် ၄၅ဝ ကီလိုမီတာအကွာအထိ ရောက်ရှိ ခဲ့ပြီး အရှေ့ဘက်ကမ်းခြေ ပင်လယ်ပြင် ထဲသို့ ကျရောက်သွားခဲ့ကြောင်း သိရ သည်။
အဆိုပါ စကဒ်ဒုံးကျည်သည် တာတိုပစ်ပဲ့ထိန်းဒုံးကျည်အမျိုးအစား တစ်မျိုးဖြစ်ကာ အကွာအဝေး ၃ဝဝ ကီလိုမီတာမှ ၅ဝဝ ကီလိုမီတာထိရောက်ရှိ နိုင်ကြောင်း သိရပြီး တောင်ကိုရီးယားပိုင် နက်ကို ပစ်မှတ်ထားသည့် ဒုံးကျည်အမျိုး အစားဖြစ်ကြောင်း သိရသည်။
စကဒ်ဒုံးကျည် ပစ်လွှတ်မှုအား တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံ တို့က အသေးစိတ်လေ့လာနေကြောင်း သိရသည်။ မြောက်ကိုရီးယား၏ မည်သည့်အပြုအမူမျိုးမဆို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ မေ ၂၉ ရက်က မြောက်ကိုရီးယား ဒုံးကျည်ပစ်မှုသည် တောင်ကိုရီးယား သမ္မတအသစ်နေရာယူပြီးမှ မြောက် ကိုရီးယားက တတိယအကြိမ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း မြောက်ကိုရီးယား နိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်း သည် ကိုးကြိမ်မြောက်ရှိပြီဖြစ်သည်။
(ဆင်ဟွာ)

No comments:

Post a Comment