Tuesday, May 2, 2017

၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်အားကစားပြိုင်ပွဲစတင်ကျင်းပ

Image may contain: one or more people, people playing sports and basketball court
နေပြည်တော် မေ ၁
နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရန်အတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက် ရှိပြီး ၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင် အားကစားပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ပွဲရုံ (B) ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ထူးချွန် သော မျိုးဆက်သစ်အားကစားသမားများနှင့် နိုင်ငံတကာ အဆင့်မီ လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုတိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲပြီးသွားပါက မလေးရှားနိုင်ငံ တွင် ကျင်းပမည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကြက်တောင်အားကစားနည်းမှ ဆုတံဆိပ်များ ဆွတ်ခူးရရှိနိုင်ရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန် စေလွှတ် သွားမည်ဖြစ်ကြောင်းပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ် ပေးသည်။
ယင်းနောက် အမျိုးသမီးအသင်းလိုက် အမှတ်ပေး ပွဲစဉ်အဖြစ် ကယားပြည်နယ်အသင်းနှင့် မွန်ပြည်နယ် အသင်း၊ နေပြည်တော်အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ချင်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင် နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်အားကစားပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်မှ အမျိုးသား ၁၅သင်း၊ အမျိုးသမီး ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်၍ စုစုပေါင်း အားကစားသမား ၁၇၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မေ ၁ ရက်မှ ၅ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှစတင်ကာ ဝဏ္ဏသိဒ္ဓိအားကစား ပြိုင်ပွဲရုံ (C) တွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရ သည်။
(မောင်မောင်ဇော်)

No comments:

Post a Comment