Monday, May 29, 2017

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၌ အခြေခံဥပဒေ အာဏာသက်ဝင်မှု နှစ် ၂ဝ ပြည့်မြောက်



Image may contain: 3 people, suit and indoor
ပေကျင်း မေ ၂၈
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသ၌ အခြေခံဥပဒေအာဏာ သက်ဝင်မှု နှစ် ၂ဝ ပြည့် အထိမ်းအမှတ်အဖြစ် အထက်တန်းတာဝန်ရှိသူများ တက်ရောက်သည့် နီးနှော ဖလှယ်ပွဲတစ်ရပ်ကို ပေကျင်း၌ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက မေ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
''နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်မျိုး'' အခြေခံမူကို လည်းကောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသ၏ အခြေခံဥပဒေကိုလည်းကောင်း အပြည့်အဝနှင့် အတိအကျ အကောင်အထည်ဖော်ကြရန် ထိပ်တန်းဥပဒေပြု အမတ်တစ်ဦးဖြစ်သူ ကျန်တေလျှမ်းက မြို့တော်ပေကျင်းရှိ ပြည်သူ့မဟာခန်းမဆောင်ကြီး၌ မေ ၂၇ ရက်ကပြုလုပ်သော နှီးနှောဖလှယ်ပွဲတွင် ပြောကြားသည်။
တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အတည်ပြုပြဋ္ဌာန်းထားသော ဟောင်ကောင်အခြေခံဥပဒေတွင် ''နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်မျိုး'' အခြေခံမူနှင့် သက်ဆိုင်နေသည့် လမ်းညွှန်ချက်များကို အတိအကျ ပြဋ္ဌာန်းထားကြောင်း၊ ဟောင်ကောင် ပြည်သူများသည် အဆင့်အတန်း မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်အတူ ၎င်းတို့၏ဒေသကို ၎င်းတို့ ကိုယ်တိုင် စီမံခန့်ခွဲလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
ဟောင်ကောင်ဒေသ၏ ကာလရှည် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်း မှုတို့သည် အခြေခံဥပဒေအား အပြည့်အဝ အာဏာသက်ဝင်စေမှု အပေါ်တွင် တည်မှီနေကြောင်း တရုတ်နိုင်ငံတော်ကောင်စီအောက်ရှိ ဟောင်ကောင်နှင့် မကာအိုရေးရာရုံး ဒုတိယအကြီးအကဲ ဆောင်းရွှေက ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment