နေပြည်တော် မေ ၂၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးအောင်ထူး သည် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့်
စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ
များနှင့်အတူ မေ ၂၇ ရက် မွန်းလွဲ ၁ နာရီက
ကရင်ပြည်နယ်ဒေသအသီးသီးမှထွက်ရှိသော အသေးစား အိမ်တွင်း လက်မှုပစ္စည်းများ
ခင်းကျင်းပြသထား သော ကရင်ပြည်နယ် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ပြခန်းအား ကြည့်ရှု စစ်ဆေးရာတာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသသည်။
ဆက်လက်၍ ညနေပိုင်းတွင် မြဝတီ ကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊OSS အဖွဲ့ဝင်များ နှင့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ မြဝတီကုန်သွယ်ရေးဇုန် တာဝန်ခံòန်ကြားရေးမှူး ဦးသိန်းထွန်းဦး က မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု လုပ်ငန်းများနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ OSS အဖွဲ့၏ ဌာန အလိုက် လုပ်ငန်းများဆောင်ရွက်နေ မှု၊ ဘဏ္ဍာနှစ်အလိုက် ပို့ကုန်သွင်းကုန် လုပ်ငန်းအခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြကာ သက် ဆိုင်ရာဌာနတာဝန်ခံများက မိမိတို့ လုပ်ငန်းကဏ္ဍအလိုက် ကုန်သွယ်မှုပြုရာ တွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များအား ရှင်းလင်းတင်ပြ ကြရာ ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယ ဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး သက် ဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:
Post a Comment