Monday, May 1, 2017

သမ္မတပူတင်ဦးဆောင်သည့် အစိုးရအဖွဲ့တွင် အကျင့်ပျက်ခြစားမှုများရှိနေသည်ဟု ပြည်သူများဆန္ဒထုတ်ဖော်



Image may contain: 5 people, crowd and outdoor
မော်စကို ဧပြီ ၃ဝ
ရုရှားနိုင်ငံပြည်သူများက သမ္မတ ဗလာဒီမာပူတင်ဦးဆောင်သည့် အစိုးရအဖွဲ့တွင် အကျင့်ပျက်ခြစားမှုများရှိနေသည်ဟု စွပ်စွဲကာ ကျေနပ်မှုမရှိသဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြရာ မော်စကိုရဲအရာရှိများက ဆန္ဒပြသူ ၁ဝဝ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုများသည် လက်ရှိအစိုးရအား ဆန့်ကျင်သည့် ပွင့်လင်းမြင်သာ ရုရှားအဖွဲ့က သမ္မတ ပူတင်ဦးဆောင်သော အစိုးရအဖွဲ့တွင် အကျင့်ပျက် ခြစားမှုများရှိနေသည့်အတွက် ထုတ်ဖော်စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။ ယင်းသို့ တောင်းဆိုခဲ့ပြီးနောက် ဧပြီ ၂၉ ရက်တွင် ရုရှားနိုင်ငံနေရာအနှံ့အပြား၌ ဆန္ဒထုတ်ဖော်မှုများ ဆင်နွှဲလျက်ရှိကြသည်။
မော်စကိုမြို့တွင် ဆန္ဒထုတ်ဖော်သူရာပေါင်းများစွာသောပြည်သူများက ရုရှားသမ္မတရုံး၏ ဧည့်ကြိုစားပွဲပေါ်သို့ သမ္မတပူတင်အနေဖြင့် နောင်လာမည့် သမ္မတရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါရန် မေတ္တာရပ်ခံသည့် လက်ရေးဖြင့်ရေးသားထားသော ပေးစာများကို တင်သွင်းရန် တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။
စိန့်ပီတာစဘတ်နှင့် ကာဇန်မြို့များတွင်လည်း အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီ ၃ဝ ရက်တွင် ရဲအရာရှိများက ဆန္ဒထုတ်ဖော် ပြည်သူတစ်ရာကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မီဒီယာများက ဆိုသည်။ ပွင့်လင်းမြင်သာရုရှားအဖွဲ့အစည်းကို ယခင်ရုရှားရေနံသူဌေးသြဇာတိက္ကမ ကြီးမားသူ မီခေး ခိုဒိုကိုဗ်စကီက စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိအချိန်တွင် မီခေးခိုဒိုကိုဗ်စကီသည် ရုရှားနိုင်ငံ ပြင်ပတွင် နေထိုင်လျက်ရှိသည်။
လွန်ခဲ့သောလက အစိုးရ၏အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သည့် နိုင်ငံအဝန်း ဆန္ဒထုတ်ဖော်မှုများပြီးနောက် ယခုဆန္ဒပြမှုများ ထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment