Monday, May 29, 2017

(၁၂) ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ ကျင်းပ



Image may contain: 1 person, crowd, bicycle, sky and outdoor
မန္တလေး မေ ၂၈
(၁၂)ကြိမ်မြောက် လူထုစုပေါင်း စက်ဘီးစီးပွဲကို ယနေ့ နံနက် ၅ နာရီ ခွဲက မန္တလေးမြို့ ကျုံးတောင်ဘက် (၂၆) လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့ စုရပ်နေရာ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် မန္တလေးမြို့နှင့် အနီးတစ်ဝိုက်မှ စက်ဘီးစီးကလပ် အသင်းများမှ စက်ဘီးအားကစားသမားများ၊ သက်ကြီးစက်ဘီးစီး အားကစားဝါသနာရှင်ပြည်သူများ၊ ဝန်ထမ်းများနှင့်အတူ စုပေါင်းစက်ဘီး စီးနင်းပါဝင်ဆင်နွှဲခဲ့သည်။
စုပေါင်းစက်ဘီးစီးနင်းပွဲတွင် အား ကစားနှင့် ကာယပညာသိပ္ပံ မန္တလေးကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က အချက်ပြ သေနတ်ပစ်ဖောက်၍ တာလွှတ်ပေး လိုက်သည်နှင့်တစ်ပြိုင်နက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်သော စက်ဘီးအားကစား ဝါနာရှင် သက်ကြီး၊ သက်လတ်၊ လူငယ် ပြည်သူ ၄ဝဝ ကျော်သည် စုရပ်နေရာမှ (၂၆) လမ်းအတိုင်း၊ လမ်း(၈ဝ)တစ်လျှောက်မှ (၁၂)လမ်းအတိုင်း၊ (၇၃)လမ်း မန်းတောင်ဂေါက်ကွင်းနှင့် တိုင်းရင်းဆေးတက္ကသိုလ်လမ်းမှ မန္တလေးတောင်ကိုပတ်၍ (၆၆)လမ်းမှ (၂၆)လမ်းအတိုင်း တာလွှတ်စုရပ်နေရာသို့ စုပေါင်းစက်ဘီးစီးနင်းပန်းဝင် ရောက်ရှိလာကြပြီး ကိုယ်လက်လှုပ်ရှား ကြံ့ခိုင်မှုလေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။ စက်ဘီးအားကစားဝါသနာရှင် ပြည်သူများအား စေတနာရှင်များက 100 Plus အားဖြည့်အချိုရည်ဘူးများ ပေးဝေခဲ့ကြသည်။
တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment