Tuesday, May 2, 2017

ရေပူနှင့်မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

No automatic alt text available.
နေပြည်တော် မေ ၁
တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေးစခန်း တို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ ဖြင့် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဧပြီ ၃ဝ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၈၁၂ စီး၊ သွင်းကုန် ၅၃၈ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက်ကုန်သွယ်မှုယာဉ် ပို့ကုန် ၃၄ စီး၊ သွင်းကုန် ၁၆၈ စီး ကုန်စည် များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက် လျက်ရှိရာ ဧပြီ ၃ဝ ရက်တွင် ရေပူ အမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှု ကိုးမှု(ခန့်မှန်းတန်ဖိုးကျပ် ၅၂ သန်းခန့်)နှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှု ငါးမှု(ခန့်မှန်းတန်ဖိုးကျပ် ၁၂ ဒသမ ၈၁၁ သန်းခန့်) စုစုပေါင်း ၁၄ မှု(ခန့်မှန်းတန်ဖိုးကျပ် ၆၄ ဒသမ ၈၁၁ သန်းခန့်)သိမ်းဆည်းရမိကြောင်း သိရသည်။
ထူးခြားသိမ်းဆည်းမှုအနေဖြင့် ဧပြီ ၃ဝ ရက်တွင် မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် Mitsubishi Pajero နှင့် Nissan Elgrand အမျိုးအစားယာဉ်များကို မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တားဆီး စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသဖြင့် အဆိုပါ ယာဉ်နှစ်စီး(စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ၇ ဒသမ ၅ သန်းခန့်)ကို တွေ့ရှိ ၍ သိမ်းဆည်းခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment