Tuesday, May 30, 2017

ဥရောပအနေဖြင့် အမေရိကန်နှင့် ဗြိတိန်တို့အပေါ် ယုံကြည်အားထားနေ၍ မရနိုင်တော့ဟု မာကယ် ပြော

Image may contain: 1 person, text
မြူးနစ် မေ ၂၉
ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်က ဥရောပအနေဖြင့် ၄င်း၏မဟာမိတ်များဖြစ်သည့် အမေရိကန်နှင့် ဗြိတိန်နိုင်ငံ တို့ကို မှီခိုအားထားနေ၍ မရနိုင်တော့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သည့် ဂျီ ၇ နှင့် နေတိုးထိပ်သီး အစည်းအဝေးများအပြီးတွင် ပြောကြားလိုက်သည်။
''အခြားနိုင်ငံတွေအပေါ် လုံးလုံးလျားလျားမှီခိုအား ထားရမယ့်အချိန်တွေ ကုန်ဆုံးသွားပါပြီ''ဟု မာကယ်က ဂျာမနီနိုင်ငံတောင်ပိုင်း မြူးနစ်မြို့တွင် တနင်္ဂနွေနေ့က ပြောကြားသည်။ ဥရောပအနေဖြင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီး ရတော့မည်ဖြစ်ကြောင်း မာကယ်က ဆက်လက်ပြောကြားသည်။
ကမ္ဘာကြီးပူနွေးလာမှုပြဿနာကို ဖြေရှင်းနိုင်ရန် ရည်ရွယ်သော နိုင်ငံတကာမူဘောင်တစ်ခုဖြစ်သည့် ပါရီရာသီဥတုသဘောတူစာချုပ်ကို ရှင်းရှင်းလင်းလင်း အတည်ပြုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပျက်ကွက်ပြီးနောက် မာကယ်၏သဘောထားမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
လွတ်လပ်စွာကုန်သွယ်ရေးမူဝါဒများနှင့်ပတ်သက်၍လည်း ထရန့်နှင့်အခြားသော ခေါင်းဆောင်များကြား ကြီးကြီးမားမား သဘောထားကွဲလွဲခဲ့ကြသည်။
နေတိုးအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ကာကွယ်ရေး အတွက် လုံလောက်စွာသုံးစွဲခြင်းမရှိဟု ထရန့်က မကြာခဏ ပြစ်တင်ဝေဖန်ခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment