Tuesday, May 30, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ ကြည်းတပ်ဦးစီးချုပ်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ


Image may contain: 1 person, sitting and indoor
နေပြည်တော် မေ ၂၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat အား ယနေ့ မွန်းလွဲ ၂ နာရီတွင် လည်းကောင်း၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr. Dang Dinh Quy အား ညနေ ၃ နာရီ ၁ဝ မိနစ်တွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
အိန္ဒိယသမ္မတနိုင်ငံ ကြည်းတပ်ဦးစီးချုပ်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း နှင့် လေကြောင်းပျံသန်းပြေးဆွဲမှု တိုးမြှင့်ရေးကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment