Monday, May 1, 2017

မန်ယူအသင်းနှင့် ဆွမ်ဆီးအသင်း တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်



Image may contain: 1 person, smiling, playing a sport, stadium and outdoor
မန်ယူအသင်းသည် ပရီမီယာလိဂ်ပွဲစဉ်(၃၄)အဖြစ် ပရီမီယာလိဂ်တန်းဆင်းဇုန်အတွင်း ကျရောက်လျက်ရှိသည့် ဆွမ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီသရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် မန်ယူအသင်းသည် အသင်းခေါင်းဆောင်ရွန်းနီ၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ဒုတိယပိုင်းပွဲကစားချိန် ၇၉ မိနစ်တွင် ဆွမ်ဆီးအသင်း၏ အားထားရသည့် ကစားသမားဖြစ်သည့် ဆင်းဂတ်ဆန်သွင်းဂိုးဖြင့် တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့သည်။
လက်ရှိတွင် ဆွမ်ဆီးအသင်းသည် တန်းဆင်းဇုန်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းလျက်ရှိသည့်အသင်းဖြစ်ပြီး မန်ယူအသင်းသည်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်အတွက် မန်စီးတီးအသင်းနှင့် အပြိုင်ဖြစ်နေသည့်အသင်းဖြစ်သည်။
ထိုသို့တန်းဆင်းဇုန်မှလွတ်မြောက်ရေးရုန်းကန် နေသည့်အသင်းနှင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေသည့်အသင်းတို့ တွေ့ဆုံခဲ့ရာတွင် တစ်ဖက်တစ်ဂိုးစီသရေပွဲဖြစ်ခဲ့ခြင်းကြောင့် ဆွမ်ဆီးအသင်း တန်းဆင်းမသွားရရေး မသေချာသေးသည့်ပြင် မန်ယူအသင်းအတွက်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆုံးဖြတ်ရန်ခက်ခဲနေသည့် အနေအထားတွင် ရှိနေခဲ့သည်။
သို့ရာတွင် မန်ယူအသင်းအတွက်မူ ၂၅ ပွဲ ဆက်တိုက် ရှုံးပွဲမရှိစံချိန်ကိုတင်နိုင်ခဲ့ပြီး ပင်နယ်တီသွင်းဂိုးမှတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူးရွန်းနီအတွက်လည်း မန်ယူအသင်းနှင့်အတူ ပင်နယ်တီသွင်းဂိုး ၂ဝ ပြည့်မြောက်အောင်သွင်းယူနိုင်ခဲ့သည့် ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။
(ငွေကြယ်)

No comments:

Post a Comment