ခေတ်မီတိုးတက်လာခြင်းနှင့်အတူ အဆောက်အအုံပိုင်းတွင်လည်း ပုံစံအမျိုးမျိုးဖြင့် တည်ဆောက်လာခဲ့ကြသည်။ မန္တလေးမြို့တွင်လည်းSmart Home တည်ဆောက်လာသည်ကို တွေ့မြင်နေရသည်။ အထူးသဖြင့် မိုးဒဏ်၊ လေဒဏ် မီးသင့်ဒဏ်၊ ငလျင်ဒဏ်ခံနိုင်ပြီး မြေနေရာများစွာနေရာမယူသည့် အမြင်ဆန်းသောSmart Home များကို စိတ်ဝင်စားမှု များလာသည်။ အမြင်ဆန်းသည့်Smart Home များကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ UD group မှာ တာဝန်ယူတည်ဆောက်ပေးလျက်ရှိသည်။
Smart Home နှင့်ပတ်သက်သည်များကို မေးမြန်းကြည့်ခဲ့ရာ ''Smart Home ကိုတည်ဆောက်ရာမှာ အဆင့်သုံးဆင့်ခွဲခြားတည်ဆောက်ပေးပါတယ်။ အဆင့် A အနေဖြင့် အဆောက်အအုံချည်းတည်ဆောက်ပေးပြီး ငွေကျပ်သိန်း ၃ဝ ကုန်ကျပါမယ်။ အဆင့် B မှာကတော့ အတွင်းပိုင်း အပူခံဖော့များနှင့် အဆောက်အအုံပါဝင်ပြီး ငွေကျပ် ၃၅ သိန်းကုန်ကျပါမယ်။ အဆင့် C မှာ အဆောက်အအုံ အပူခံဖော့ပြား၊ အိမ်သာ၊ ရေချိုးခန်းအခန်းဖွဲ့ပါဝင်ပြီး အပြီးအစီး ငွေကျပ်သိန်း ၄ဝ ကုန်ကျပါမယ်။
အဆောက်အအုံအမျိုးအစားမှာFiberglass အမျိုးအစားဖြစ်ပြီး အမြင့် ၁၂ ပေရှိပါတယ်။ နွေမိုးဆောင်း သုံးရာသီစလုံးနဲ့ကိုက်ညီအောင် တည်ဆောက်ပေးထားပါတယ်။ အဆောက်အအုံက လုံးဝန်းတဲ့ပုံသဏ္ဌာန်တည်
ဆောက်ထားတဲ့အတွက် လေဒဏ်ခံနိုင်ပါတယ်။ တစ်နာရီလေတိုက်နှုန်း ၂ဝဝ ကျော်အထိ ခံနိုင်ရည်ရှိတဲ့အတွက် ကမ်းရိုးတန်းတွေမှာလည်း အလွယ်တကူတည်ဆောက်နိုင်ပါတယ်။ အလေးချိန်က ၅၅ဝ ကီလိုဂရမ်ခန့်သာ ရှိတဲ့အတွက် အောက်ခံဖောင်ဒေးရှင်းအသင့်အတင့်ဖြင့် တည်ဆောက်
နိုင်ပါတယ်။ အဆောက်အအုံကို နှစ် ၅ဝ ကျော်အထိ အာမခံချက်ပေးထားပါတယ်။ ထူးခြားတာက မီးသင့်ဒဏ်ခံနိုင်ခြင်းပါ။ လက်ရှိကာလမှာတော့ ကော့သောင်း၊ ညောင်ရွှေ ၊ တောင်ကြီး၊ မန္တလေးမြို့နှင့် အခြားဒေသတွေက မှာယူတည်ဆောက်နေပါတယ်။Smart Home တွေကို မှာယူမည်ဆိုလျှင် မန္တလေးစက်မှုဇုန်(၁) ပြည်ကြီးတံခွန်မြို့နယ်ရှိ UD group

တွင်ဆက်သွယ်မှာယူနိုင်ပါတယ်'' ဟု တာဝန်ရှိဝန်ထမ်းတစ်ဦးက ရှင်းပြသည်။
တိမ်တမန်
No comments:
Post a Comment