Saturday, April 29, 2017

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Gatow ဒေသရှိ Military Historical Museum ၌ လေ့လာ



 နေပြည်တော် ဧပြီ ၂၈


ဂျာမနီနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဂျာမနီနိုင်ငံ ဘာလင်မြို့ Gatow ဒေသရှိMilitary Historical Museum ကို သွားရောက်ကြည့်ရှုလေ့လာကြသည်။ 

 အဆိုပါMilitary Historical Museum ၌ ခေတ်အဆက်ဆက်အသုံး ပြုခဲ့သည့် စစ်ဘက်လေယာဉ်များနှင့် ဂျာမနီနိုင်ငံ၏ စစ်သမိုင်းဆိုင်ရာအချက်အလက် များကို ပြသထားရှိကြောင်း သိရှိရသည်။

ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဘာလင်မြို့အတွင်းရှိ ဘာလင်တံတိုင်း၊Check Point Charlie ESifh Brandenburger Tor စသည့် ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ရာ အထင်ကရနေရာများအား လေ့လာကြည့်ရှု ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၈နာရီခွဲတွင် ဘာလင်မြို့ Friedrich Ebert Stiftung-FES သို့ ရောက်ရှိရာExecutive Director ဖြစ်သူ Dr. Roland Schmidt က FES ဌာနချုပ်၌ နံနက်စာဖြင့် တည်ခင်းဧည့်ခံကာ FES ၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ အား ရှင်းလင်းပြောကြားပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား ဒေသစံတော်ချိန် ည ၇ နာရီတွင် ဂျာမနီတပ်မတော် စစ်ဦးစီးချုပ် General Volker Wieker က MS Arcona ရေယာဉ်ပေါ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ညစာသုံးဆောင်စဉ်အတွင်း ရေယာဉ်အား ဘာလင်မြို့Spree မြစ်ကြောင်း တစ်လျှောက် မောင်းနှင်ကာ ဘာလင်မြို့၏ သာယာလှပမှုများအား ကြည့်ရှုခဲ့ ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment