Saturday, April 29, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိလစ်ပိုင်သို့ ထွက်ခွာ




 နေပြည်တော် ဧပြီ ၂၈


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဧပြီ ၂၉ ရက်တွင်ကျင်းပမည့် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။ 

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧပြီ ၂၉ ရက်တွင် ကျင်းပမည့် အကြိမ်(၃ဝ) မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနား၊ အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီနှင့် သီးသန့်အစည်းအဝေးများသို့ အခြားအာဆီယံနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့်အတူ တက်ရောက်မည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် တစ်ဆက်တစ်စပ်တည်း ကျင်းပမည့် အာဆီယံနိုင်ငံ/အစိုးရအဖွဲ့ အကြီးအကဲများနှင့် အာဆီယံပါလီမန်များ ညီလာခံ၏ ကိုယ်စားလှယ်များတွေ့ဆုံပွဲ၊ အာဆီယံနိုင်ငံ/အစိုးရအဖွဲ့အကြီးအကဲများနှင့် အာဆီယံလူငယ်များ ကိုယ်စားလှယ် များ တွေ့ဆုံပွဲများသို့ တက်ရောက်မည်ဖြစ်သည်။ (သတင်းစဉ်)

No comments:

Post a Comment