
နေပြည်တော် ဧပြီ ၂၅
သြစတြီးယားနိုင်ငံ၌ အလုပ်သဘော ချစ်ကြည်ရေးခရီးရောက် ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဧပြီ ၂၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် Diamond Aircraft Industry သို့ သွားရောက်ကြည့်ရှုလေ့လာသည်။
Diamond Aircraft Industry ထုတ် လေယာဉ်များ နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအား တာဝန်ရှိ သူများက အသေးစိတ်ရှင်းလင်းပြသရာ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများက သိရှိလို သည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်Diamond Aircraft Industry မှ ထုတ်လုပ်သည့် DA-62 လေယာဉ်ဖြင့်လည်းကောင်း၊ အခြားအဖွဲ့ဝင်များသည် ကုမ္ပဏီ ထုတ် လေယာဉ်များဖြင့်လည်းကောင်း ဗီယင်နာမြို့တစ်ဝိုက် လှည့်လည်ပျံသန်းကြည့်ရှု၍ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် Diamond Aircraft Industry ၏ CEO ဖြစ်သူ Mr. Chris-tian Dries နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment