Wednesday, April 26, 2017

နှစ်နိုင်ငံလွှတ်တော်များ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေး


နေပြည်တော် ဧပြီ ၂၅


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ အထက်လွှတ်တော်၊ အဖွဲ့အစည်းများ အရည်အချင်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ Prof.Dr. John Pieris နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ လွှတ်တော် များ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment