Wednesday, April 26, 2017

နိုင်ငံခြားအဖွဲ့အစည်းများ ပြည်တွင်းခရီးသွားလာခွင့်ရရှိရေး ဆောင်ရွက်ပေးမှုဆွေးနွေး

Image may contain: 5 people, people sitting and table

နေပြည်တော် ဧပြီ ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် အမေရိကန်နိုင်ငံ နိုင်ငံရပ်ခြားဘေးအ္တရာယ်အကူအညီ ပေးရေးရုံးမှ ခေတ္တညွှန်ကြားရေးမှူး Ms. Carol Chan ဦးဆောင်သည့် OCHA Donor Support Groupမှ ကိုယ်စားလှယ်များအား ဧပြီ ၂၄ ရက် မွန်းလွဲ ၂ နာရီက အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနမှဆောင်ရွက် နေသည့် နိုင်ငံခြားအဖွဲ့အစည်းများ အတွက် ပြည်တွင်းခရီးသွားလာခွင့် ရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေ၊ ဘေးဒဏ်လျော့ပါးရေးနှင့် ဘေးအ္တရာယ် ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်နေမှု အခြေအနေများ ယခုဘဏ္ဍာရေးနှစ်တွင် စတင်ထောက်ပံ့မည့် တစ်နိုင်ငံလုံးရှိ အသက်(၉ဝ)နှင့်အထက် သက်ကြီး ရွယ်အို ပင်စင်ထောက်ပံ့ရေးနှင့် ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် ကိုယ်ဝန် ဆောင်မိခင်နှင့် ¤င်းမှမွေးဖွားသော ကလေးအသက်နှစ်နှစ်အထိ တစ်လ လျှင် ငွေကျပ် ၁၅ဝဝဝ ထောက်ပံ့မည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီ အစဉ်များကို ဆွေးနွေးခဲ့ကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး သည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင်JICA Myanmar ရုံး၌ ဌာနကိုယ်စား လှယ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Masayuki KARASAWAအား အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံစဉ် ဝန်ကြီးဌာန နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(မြန်မာ)တို့ အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော လူကုန်ကူးခံရသူများအား အကူအညီ ပေးမည့်သူများ စွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ကွန်ရက်ချိတ်ဆက် မြှင့်တင်ဆောင်ရွက်မှုဆိုင်ရာ စီမံချက်၊ လက်သင်္ကေတပြ ဘာသာစကားနည်းပြ များ လေ့ကျင့်ပေးရေးစီမံချက်များနှင့် အရေးပေါ်စီမံခန့်ခွဲမှုဌာန (Emergency Operation Centre) အတွက် နည်းပညာပိုင်းဆိုင်ရာနှင့် အထောက် အကူပြုပစ္စည်းကိရိယာများ ဆက်လက် ကူညီထောက်ပံ့ပေးနိုင်ရေးတို့ကို ဆွေး နွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment