Thursday, April 27, 2017

ပြည်ပနိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာ ဈေးကွက်သတင်းအချက်အလက်များရရှိနိုင်ရေးဆောင်ရွက်လျက်ရှိ မြန်မာနိုင်ငံ၏အခြေခံပညာသင်ကာလသည် အာဆီယံနိုင်ငံများ၏ အခြေခံပညာသင်ကာလနှင့်ကိုက်ညီမှုရှိ

Image may contain: 1 person

နေပြည်တော်   ဧပြီ     ၂၆

နိုင်ငံတော်အစိုးရ၏  ပထမတစ်နှစ်တာကာလအတွင်း  ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁  နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒေါက်တာ သန်းမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး  ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်း၊  ပြန်ကြားရေးဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ  အမြဲတမ်းအတွင်းဝန်များ၊ òန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်òန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊  ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ တက်ရောက်ကြသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က   က္ဘာ့ဆန်ဈေးကွက် ရရှိရေးအတွက် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် က္ဘာ့ဆန်စပါးညီလာခံသို့တက်ရောက်ခဲ့ပြီး    ထိုညီလာခံမှ တစ်ဆင့်   အာဖရိကဆန်ဈေးကွက်အပါအဝင်    က္ဘာ့ဆန် ဈေးကွက်သို့   ပြန်လည်ချိတ်ဆက်နိုင်ခဲ့ရာ အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံအထိ   ဈေးကွက်များရရှိခဲ့ပါ ကြောင်း၊ ထို့ပြင် မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု   ပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်းအဝေးများ၊ မြန်မာ- ထိုင်း၊ မြန်မာ-အိန္ဒိယ၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် ပူးတွဲကော်မတီအစည်း အဝေးများတွင်လည်း  ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံ တကာနှင့် ဈေးကွက်ချိတ်ဆက်နိုင်ရေးအတွက်     အမေရိကန်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ဂျပန်၊   တရုတ်၊  တောင်ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ ဟောင်ကောင်နှင့်    ထိုင်းနိုင်ငံတို့ရှိ မြန်မာ နိုင်ငံသံရုံးများတွင်   စီးပွားရေးသံမှူးများကိုထားရှိပြီး ပြည်ပ နိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာ    ဈေးကွက်သတင်းအချက် အလက်များ    ရရှိနိုင်ရေးကိုလည်း   ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ညှိနှိုင်းဆောင်ရွက်ပေး
မြန်မာပြည်၏ လယ်ယာထွက်ကုန်များကို အီးယူ ၂၈    နိုင်ငံ အပါအဝင် သြစတြေးလျ၊ ဘီလာရု၊ ရုရှား၊ ကနေဒါ၊ ဆွစ်ဇာလန်၊ အိုက်စ်လန်၊ တူရကီ၊ ဂျပန်၊ အမေရိကန်နိုင်ငံတို့မှ ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေး GSP    ရရှိပြီဖြစ်သည့်အတွက် ထိုနိုင်ငံများသို့ကုန်ပစ္စည်းများ တိုးတက်တင်ပို့နိုင်ရေး  ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပို့ကုန်အပိုင်းတွင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပို့ကုန်ဈေးကွက်များ ချိတ်ဆက်ရှာဖွေနိုင်မှုများကြောင့်   ယခု ဘဏ္ဍာနှစ် နှစ်ကုန်ကာလအထိ ပို့ကုန်တင်ပို့မှုအပိုင်းကို သုံးသပ် ကြည့်လျှင် နိုင်ငံပိုင်ကဏ္ဍမှ သဘာဝဓာတ်ငွေ့တင်ပို့မှု အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့်နှင့် ကျောက်စိမ်းနှင့် သတ္တု တင်ပို့မှု အမေရိကန် ဒေါ်လာသန်း ၂ဝဝ   လျော့ကျသွားသော် လည်း   လယ်ယာထွက်ကုန်ပစ္စည်း၊ တိရ္ဆာန်ထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းတင်ပို့မှု စသည့်ကဏ္ဍများတွင်    တိုးတက်လာ သည့်အတွက် ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၄၈ဝ ခန့် ပိုမိုရရှိခဲ့ပါကြောင်း။
ယခုဘဏ္ဍာနှစ်တွင်   လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၉၃၁ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယခင် ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ   ၃၁၅ သန်းကျော်  ပိုမို တင်ပို့နိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် ဆန်တန်ချိန် ၂ ဒသမ ၅ သိန်း၊ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈ သိန်း၊ ပြောင်းတန်ချိန် တစ်သိန်း၊ မြေပဲတန်ချိန် ငါးသောင်းကျော်၊   ဖရဲသီးတန်ချိန် ၁ ဒသမ ၃ သိန်းခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါကြောင်း၊    ဆန်ပြည်ပတင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ ယခင်ဘဏ္ဍာနှစ်ထက် တန်ချိန် ၃ ဒသမ ၈ သိန်းခန့်   ပိုမိုတင်ပို့နိုင်ခဲ့သလို Re-export  စနစ်ဖြင့် သကြားတင်ပို့မှုတွင် တန်ချိန် ၁ ဒသမ ၇  သန်းအထိ   တင်ပို့ နိုင်ခဲ့ပါကြောင်း။
ဈေးကွက်ချဲ့ထွင်တင်ပို့
နှမ်းမျိုးစုံတွင်  ယခင်က  တရုတ်နိုင်ငံကိုသာ အားထား တင်ပို့နေရာမှ ယခု ဘဏ္ဍာနှစ်အတွင်း    တရုတ်နိုင်ငံအပြင် ကိုရီးယား၊ စင်ကာပူ၊ ဂျပန်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပါကြောင်း၊ ပြောင်းတင်ပို့မှုတွင် ယခင်က နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံဈေးကွက်တစ်ခုတည်း ကိုသာ တင်ပို့နေရာမှ ယခုဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ စင်ကာပူနှင့် အိန္ဒိယနိုင်ငံတို့သို့ တန်ချိန်ရှစ်သောင်းခန့်   ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ခဲ့ပါကြောင်း။
ပို့ကုန်ဈေးကွက် ကျယ်ပြန့်လာသော်လည်း လက်ရှိအခြေ အနေတွင် အဓိကအားဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက် ကိုသာ ကျဉ်းမြောင်းစွာမှီခိုနေရပြီး ထိုဈေးကွက်၏   လိုအပ် ချက်အရသာ တင်ပို့နေရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် တရားမဝင်ကုန်သွယ်မှုများ   ရှိနေခြင်းများကြောင့်    ပို့ကုန် ဝင်ငွေလျော့နည်းခြင်း၊  အခွန်ဘဏ္ဍာဆုံးရှုံးခြင်း၊   သဘာဝ သယံဇာတပြုန်းတီးမှုဖြစ်စေခြင်း၊      စားသုံးကုန်ပစ္စည်းများ  တရားမဝင်တင်သွင်းနေသဖြင့်    အလားတူထုတ်လုပ်သည့်    ပြည်တွင်းအသေးစားအလတ်စား       စက်မှုလုပ်ငန်းများကို    ကြီးမားစွာထိခိုက်စေခြင်းနှင့်  စားသုံးသူများအတွက်    ကျန်းမာ ရေးအ္တရာယ်       ဖြစ်ပေါ်နေမှုများကိုလည်း     တွေ့ရှိရပါ ကြောင်း။
မိမိတို့  ဝန်ကြီးဌာနသည်   မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့၏ တာဝန်ခံဝန်ကြီးဌာနအဖြစ်  ဆောင်ရွက် လျက်ရှိပြီး လက်ရှိတွင် သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူး စီးပွားရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ¤င်းအပြင် နယ်စပ်ဒေသများတွင် စီးပွားရေးဇုန်များ   တည်ထောင်နိုင် ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊   ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်း များ မြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့တို့တွင်လည်း  တာဝန်ခံ ဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူ ချောမွေ့ စေမှု အဆင့်သတ်မှတ်ချက် Ease of Doing Busi-ness အဆင့် တိုးတက်ရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန များ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။ 
ကိုက်ညီမှုရှိ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက  အမျိုးသားပညာရေးဥပဒေ၏ အကျိုးရလဒ် တစ်ခုအနေဖြင့် ယခုအခါ မြန်မာနိုင်ငံ၏ အခြေခံပညာသင် ကာလသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အခြေခံပညာသင် ကာလနှင့် အပြည့်အဝ ကိုက်ညီမှုရှိနေပါကြောင်း။
အစိုးရ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဦးစားပေး လုပ်ငန်းများအနေဖြင့်    ရှေးဦးအရွယ်    ကလေးသူငယ်ပြုစု ပျိုးထောင်ခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာ သင်ယူပြီးမြောက် ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့် တိုးမြှင့်သင်ယူခွင့်များရရှိရန် ဆောင်ရွက်မည်ဖြစ်ရာ  မူလတန်း အရွယ်ကလေးတိုင်း    မူလတန်းပညာရေးကို      ပြီးမြောက် အောင်မြင်ခြင်းနှင့် မူလတန်းပညာသင်ယူရန်   အခက်အခဲရှိ နေသည့်ကာယ၊ Óဏစွမ်းရည်အားနည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါးသည့်ကလေးများ၊    ဝေးလံခေါင်ဖျားဒေသရှိ ကလေးများစသည့်  ကလေးများအတွက် အလေးထားဆောင် ရွက်သည့် ပညာရေးအစီအစဉ်များ    ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း။
ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်း တိုင်းရင်းသားကလေးများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသား ဘာသာစကား သင်ရိုးòန်းတမ်းပြုစုရေးဆွဲခြင်းနှင့်   သင်ကြားပေးခြင်းအပါ အဝင် တိုင်းရင်းသားဘာသာစကားနှင့်    ယဉ်ကျေးမှုကို ပံ့ပိုး ပေးရန်နှင့် မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း။
သင့်လျော်သော   ဆရာ၊  ကျောင်းသား    အချိုးရရှိရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာ ရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှုစွမ်းရည်များ မြင့်မားလာ စေရန် ဆောင်ရွက်ပေးခြင်း၊ အခြေခံပညာရေးကို လူတိုင်းပိုမို လက်လှမ်းမီနိုင်ရန်အတွက် ဖွံ့ဖြိုးမှုအားနည်းသော ဒေသများ ရှိ ကျောင်းများ၊ အထူးသဖြင့် ကျောင်းအသုံးအဆောင်ပစ္စည်း များ လုံလောက်မှုမရှိသော    အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ၏ လိုအပ်ချက်များကို   ဦးစားပေး ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း။
ဦးတည်ဖော်ဆောင်ပေး
ပညာအရည်အချင်းနည်းပါးသူများ၏      နေထိုင်မှုဘဝ အရည်အသွေးတိုးတက်ကောင်းမွန်စေရန် အခြေခံပညာအလယ် တန်း၊ အထက်တန်းတန်းညှိအစီအစဉ်များနှင့်     သက်မွေးမှု အစီအစဉ်များဖြင့် ဆက်လက်ပညာဆည်းပူးနိုင်သော အခွင့် အလမ်းများဖော်ဆောင်ပေးခြင်း၊ တက္ကသိုလ်များတွင် ကိုယ်ပိုင် သင်ရိုးòန်းတမ်း ရေးဆွဲသင်ကြားခွင့်၊  အုပ်ချုပ်ခွင့်နှင့် သုတေ သနလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သော က္ဘာ့ အဆင့်မီအဆင့်မြင့်ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဦးတည် ဖော်ဆောင်ပေးခြင်း။
နည်းပညာနှင့် သက်မွေးပညာရေးနှင့်    လေ့ကျင့်ရေး ပညာရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့်    တန်းတူ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊  ကျောင်းသား မိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို   ဝန်ထုပ်ဝန်ပိုးမဖြစ်စေ သော ထိရောက်သည့်    ပညာရေးဝန်ဆောင်မှုဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊    နိုင်ငံတော်အစိုးရ၊    ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမှ ရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့်   ပွင့်လင်းမြင်သာ မှုရှိစေရန် ဆောင်ရွက်ပေးခြင်း၊ တိကျမှန်ကန်သည့် သတင်း အချက်အလက်များကိုအခြေခံ၍   ထိရောက်သော ပညာရေး ပြုပြင်ပြောင်းလဲမှုစီမံခန့်ခွဲမှုနှင့်    လေ့လာကြီးကြပ်မှုလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း။
ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းများတွင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၌ သတ်မှတ်ကျောင်းသားဦးရေ   ပြည့်မီသော ကျောင်း ၉၃၇ ကျောင်းနှင့်    ကျေးလက်ဒေသသွားလာရေး ခက်ခဲသည့် ကျောင်း ၂၃၇၅ ကျောင်း စုစုပေါင်း ၃၃၁၂ ကျောင်း တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
အခြေခံပညာကဏ္ဍ တိုးတက်လာမှုတွင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၌ စာသင်ကျောင်း ၅၂၂ ကျောင်း ၊ ဆရာ ၁၈၆၉၇ ဦးနှင့် ကျောင်းသား စုစုပေါင်း ၄၂၂၂၆၇ ဦး   တိုးတက်လာပါ ကြောင်း။
ဆရာ၊ ဆရာမများ သင်ကြားမှုပံ့ပိုးကူညီရေး(Teacher Mentoring) အစီအစဉ်များတွင်    ဗဟိုအဆင့်    နည်းပြ သင်တန်း၊Teacher Mentor သင်တန်းလုပ်ငန်းဆွေးနွေးပွဲ၊ 
Teacher Mentoring Cluster Support  Program  ဆိုင်ရာလုပ်ငန်းဆွေးနွေးပွဲ၊ အကောင်အထည်ဖော်မှု ပြန်လည် သုံးသပ်ခြင်း   လုပ်ငန်းဆွေးနွေးပွဲများ    ဆောင်ရွက်နိုင်ခဲ့ ကြောင်း။
သင်ကြားပေးနိုင်ခဲ့
တိုင်းရင်းသားဘာသာစကား ၄၉  မျိုးအား သင်ကြား ပေးနေသည့် ကျောင်းပေါင်း ၁ဝ၂၉၉ ကျောင်းတွင် သင်ကြား ပေးနေသည့် ဆရာ၊ ဆရာမ ၂ဝ၆၇၃ ဦးနှင့် သင်ယူနေသည့် ကျောင်းသား၊  ကျောင်းသူ ၅၅၈၆၄၁ ဦး   သင်ကြားပေးနိုင် ခဲ့ပါကြောင်း။
ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး    ကြိုးပမ်း ဆောင်ရွက်မှုများတွင်    စာတတ်မြောက်ရေးလှုပ်ရှားမှုအနေ ဖြင့် နေပြည်တော်ကောင်စီနှင့် မြို့နယ် ၃ဝ တွင်  စာသင်ဝိုင်း ၂ဝ၈ဝ ၊ သင်ယူသူ စုစုပေါင်း ၂ဝ၅၇၂၇ ဦး၊ ကယားပြည်နယ်တွင်  မြို့နယ် ခုနစ်မြို့နယ်၊ စာသင်ဝိုင်း ၄၅၅ ခု၊ သင်တန်းနည်းပြ ၄၅၅ ဦး၊ သင်ယူသူစုစုပေါင်း   ၅၃၃၅   ဦးနှင့်   တောင်ကြီးမြို့တွင် မြို့နယ် ကိုးမြို့နယ်၊ စာသင်ဝိုင်း ၂၅၉၆  ခု၊    သင်တန်းနည်းပြ  ၂၆၈ဝ၊ သင်ယူသူစုစုပေါင်း ၂၆၇၉၄ ဦး ရှိခဲ့ပါကြောင်း။
ဖွင့်လှစ်ပေး
ပညာရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး ညောင်ရွှေသက်မွေးပညာ    သင်တန်း ကျောင်း (NVTI ) တွင် ဒေသအထောက်အကူပြုသင်တန်း များ ဖွင့်လှစ်ပေးခြင်းအနေဖြင့်    ဟိုတယ်ဧည့်ကြိုလုပ်ငန်း ဆောင်ရွက်မှုအခြေခံသင်တန်း၊   ဧည့်ဆောင်ထိန်းသိမ်းရေး သင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေး သင်တန်း၊ အစားအစာနှင့်    အဖျော်ယမကာထုတ်လုပ်ရေး သင်တန်း၊ လယ်ယာသီးနှံနှင့်ဥယျာဉ်ခြံသီးနှံများအားGAPနည်းစနစ်ဖြင့် စိုက်ပျိုးခြင်းသင်တန်း၊   ငါးဖိန်းသားဖောက် သင်တန်းနှင့် ငါးဆေးထိုးသားဖောက်သင်တန်း၊    တစ်လုံးထိုး အင်ဂျင်ပြုပြင်သင်တန်း၊     အိမ်တွင်းလျှပ်စစ်သင်တန်းနှင့် အခြေခံကွန်ပျူတာပညာရပ်နှင့် ရုံးသုံး စာစီစာရိုက်သင်တန်း များ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း။
ံHuman Development Report 2016 အရ မြန်မာ နိုင်ငံသည် ၂ဝ၁၅ ခုနှစ်တွင် Low Human Development Index Rank တွင် ရှိနေရာမှ ၂ဝ၁၆ ခုနှစ်တွင်Medium Human Development Index Rank သို့ တိုးတက် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

အများနှင့်ဆိုင်သည့်လုပ်ငန်းကဏ္ဍများတွင် ပြန်ကြားရေးဆိုသည့်ကဏ္ဍ လိုအပ်
================================================

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာနက ဘာတွေဆောင်ရွက်သလဲ ဆိုလျှင်   ဒီကနေ့လုပ်နေသည့်အလုပ်သည်   ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပါကြောင်း၊  ယခုလို  တွေ့ဆုံပွဲများ ကျင်းပပေးခြင်းသည် မိမိတို့၏ အလုပ်ဖြစ်ပါကြောင်း၊  ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ဤခန်းမ၌ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်များနှင့် မီဒီယာများထိတွေ့ရန်၊ ထိတွေ့သည့်အခါ ပိုပြီး ရင်းရင်းနှီးနှီး ဖြစ်စေရန် တွေ့ဆုံပွဲများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။
အခြေကျနေပြီ
စတုတ္ထမဏ္ဍိုင်နှင့် မဏ္ဍိုင်သုံးရပ်  ထိတွေ့သည့်ယဉ်ကျေးမှု ဓလေ့ထွန်းကားရန် မိမိတို့ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယခုတစ်နှစ်တာပြီးမြောက်လာသည့်အချိန်တွင် ဤဓလေ့သည် မိမိတို့ တော်တော်လေး အခြေကျနေပြီလို့  မြင်ပါကြောင်း။
တစ်ဖက်တွင်   တာဝန်ရှိပုဂ္ဂိုလ်များက   မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြားသလို  မီဒီယာများမှတစ်ဆင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များ အများပြည်သူသိရှိအောင် ဖြန့်ချိ သည့်အလုပ်ကိုလည်း  ထိထိရောက်ရောက် ဆောင်ရွက်ကြပါဟု အကြံပေးခဲ့ပါကြောင်း၊  ထိုကဲ့သို့  နှစ်ဖက်ကို  အကြံပေးသည့် ရည်ရွယ်ချက်မှာ မိမိတို့တိုင်းပြည်တွင် အများပြည်သူ သတင်း အချက်အလက် ပြည့်ဝစွာသိရှိရန်အတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊  မီဒီယာများနှင့် မဏ္ဍိုင်များအကြား ရင်းနှီးမှု၊ ဆက်ဆံရေးချောမွေ့ပြေပြစ်ရန်နှင့်   ဆက်ဆံရေးတိုးတက်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ယင်းမှာမိမိတို့ မီဒီယာဖွံ့ဖြိုးတိုးတက် ရေး ဖြစ်ပါကြောင်း။
ပြန်ကြားရေးက ဘာလုပ်သလဲဆိုသည်နှင့်ပတ်သက်ပြီး   ပြည့်ပြည့်ဝဝ နားမလည်နိုင်သေးသည့်အကြောင်းများ ရှိနေ သည်ကို သိရပါကြောင်း၊ ပြန်ကြားရေးဟု ပြောလိုက်လျှင် အများက ရုပ်မြင်သံကြား၊ သတင်းစာတို့ကို မြင်လေ့ရှိပါကြောင်း၊ ပြန်ကြားရေးဆိုသည့်ဌာန၏ သဘောသဘာဝနှင့် ဘယ်လို လုပ်ငန်းတာဝန်တွေရှိသလဲဟု   ပြောရမည်ဆိုလျှင် ပြန်ကြားရေး ဆိုတာ မေးတာဖြေရုံလောက်နှင့် ပြီးသလားဆိုလျှင် မဟုတ်ပါ ကြောင်း၊ မေးတာတွေကိုဖြေသလို အများသိသင့်သည်ကိုသိရန် အတွက် ထုတ်ပြန်ရခြင်းများရှိပါကြောင်း၊  အစီရင်ခံသည်ဟုလည်း ပြော၍ရပါကြောင်း၊ အစိုးရပြန်ကြားရေးဝန်ကြီးဌာနသည် ဘာကိုအစီရင်ခံရသလဲ ဆိုလျှင် မိမိတို့သည်   အများပြည်သူက ရွေးကောက်တင်မြှောက်လိုက်သည့်       ကိုယ်စားလှယ်များက ဖွဲ့စည်းခန့်အပ်ထားသည့်  အစိုးရဖြစ်သည့်အတွက်  မိမိတို့ တိုင်းပြည်အတွက်၊ အများပြည်သူအတွက် ဘာတွေ ဆောင်ရွက် သလဲဆိုသည်ကို ပြန်လည်အစီရင်ခံရန်လိုပါကြောင်း၊ ထို့ကြောင့် ပြန်ကြားရေးအဓိပ္ပာယ်ထဲကို        အစီရင်ခံသည်ဆိုတာကို ထည့်သွင်းထားခြင်း ဖြစ်ပါကြောင်း။
အများနှင့်ဆိုင်သည့်လုပ်ငန်းကဏ္ဍများတွင် ပြန်ကြားရေး ဆိုသည့်ကဏ္ဍ လိုအပ်ပါကြောင်း၊ အစိုးရတစ်ရပ်ကဲ့သို့  အဖွဲ့ အစည်းကြီး တစ်တိုင်းပြည်လုံး အတိုင်းအတာနှင့် ပညာရေး၊ ကျန်းမာရေး၊  ယဉ်ကျေးမှု၊    နိုင်ငံတကာစသည်ဖြင့် ကဏ္ဍပေါင်းများစွာကို  ဆောင်ရွက်နေသည့် အဖွဲ့အစည်းကြီးတစ်ရပ် တွင်  ပြန်ကြားရေးဆိုသည့်ဌာနကို ဝန်ကြီးဌာနအဆင့်ထိ ဖွဲ့စည်းပြီး ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောလိုပါကြောင်း။
လွတ်လပ်ရေးမရမီကတည်းက
နိုင်ငံတကာရှိ ပြန်ကြားရေးဆိုင်ရာဝန်ကြီးဌာနများကို   လက်လှမ်းမီသလောက် ဖော်ပြရလျှင် Informationဆိုသည့် နာမည်သုံးစွဲပြီးဖွဲ့စည်းထားသည့် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်   ကမ္ဘောဒီးယား၊  အီဂျစ်၊  အစ္စရေး၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် စသည်ဖြင့်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံတွင် Ministry of  Information and Broadcasting ဟု သုံးပါကြောင်း၊ တချို့က Communication  ဆိုပြီး သုံးပါ ကြောင်း၊   မြန်မာနိုင်ငံတွင်    ပြန်ကြားရေးဝန်ကြီးဌာနသည် မြန်မာပြည်လွတ်လပ်ရေးမရမီကတည်းက ရှိခဲ့ပါကြောင်း။
လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၊                 သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနတို့ ရှိပါကြောင်း။
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနသည်  အစောဆုံးဌာန ဖြစ်သည်ဟုပြော၍ရပါကြောင်း၊  ဗြိတိသျှအစိုးရလက်ထက် ကတည်းက ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ယခုလုပ်ဆောင် နေသည့် အလုပ်များကို အဲ့ဒီအချိန်ကာလလောက်ကတည်းက လုပ်ခဲ့ပါကြောင်း၊  ဗြိတိသျှလက်ထက်တွင် အင်္ဂလိပ်အစိုးရ၏  ပြန်တမ်းများ၊ စာများ ရိုက်နှိပ်ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်ရှိ ဗဟိုပုံနှိပ်တိုက် ဆိုလျှင် နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိနေပြီ ဖြစ်ပါကြောင်း။
  ထွက်ပေါ်ရေး ဆောင်ရွက်ခဲ့
Ministry of Information  ဟု     ခေါ်သည့်အတိုင်း အဓိက ထင်သာမြင်သာသည့် လုပ်ငန်းတာဝန်ကို ပြောရမည် ဆိုလျှင် Information   ၊ သတင်းအချက်အလက်ပေးခြင်း ဖြစ်ပါကြောင်း၊  တစ်နည်းပြောရလျှင် အများပြည်သူအပေါ် အစီရင်ခံတင်ပြသည့် အလုပ်ဖြစ်ပါကြောင်း၊ ထိုအလုပ်ကို ရေဒီယိုနှင့်  ရုပ်မြင်သံကြား၊ သတင်းစာများက လုပ်နေပါကြောင်း။
အများပြည်သူတွေအသိပညာတိုးပွားရေးနှင့် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်တဲ့ဌာနမှာ  ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန၊  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ဖြစ်ပါကြောင်း၊  တစ်ချိန်က  မြန်မာနိုင်ငံတွင်  အင်မတန် ထင်ရှားပြီး လူအများတန်ဖိုးထားလေးစားသည့် ဌာနကြီးတစ်ခု ရှိပါကြောင်း၊   ယင်းမှာ   စာပေဗိမာန်ဖြစ်ပါကြောင်း၊    ထိုဌာနမှ မြန်မာ့စွယ်စုံကျမ်း ထွက်ပေါ်ရေးအတွက် ဆောင်ရွက်ခဲ့ပါ ကြောင်း။
မိမိတို့အနေဖြင့် စာပေဗိမာန်၏ လုပ်ငန်းကဏ္ဍကိုလည်း တိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ ယင်းတို့အနက် မြန်မာ့စွယ်စုံကျမ်းကို ပြန်ပြီးခေတ်မီ တိုးတက်သည့် စွယ်စုံကျမ်း ဖြစ်အောင် လုပ်နေခြင်းဖြစ်ပါကြောင်း။
ကဏ္ဍတစ်ရပ်ဖြစ်
တစ်နှစ်တာအတွင်း   နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပြုလုပ်ခဲ့ပါကြောင်း၊  ခေတ်ပြိုင်သမိုင်း ဆိုင်ရာ  စာပေ၊  စာတမ်းဖတ်ပွဲကိုလည်း   ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ မကြာမီ ဘာသာပြန်စာပေဆိုင်ရာစာတမ်းဖတ်ပွဲကို ကျင်းပရန် ရှိပါကြောင်း၊  စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲ တော်များသည် ပြန်ကြားရေး၏ လုပ်ငန်းတစ်ရပ်ဖြစ်သည့်အများ ပြည်သူ အသိပညာဖွံ့ဖြိုးတိုးတက်ရန်နှင့် မြန်မာစာပေဖွံ့ဖြိုးတိုး တက်ရန် ဆောင်ရွက်သည့် ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ကလေးစာပေပွဲတော်များကို   ကျင်းပခဲ့ပါကြောင်း၊     ကလေး စာပေပွဲတော်များကို   ကျင်းပသည့်အခါ   ပွဲတော်တိုင်းသည် အလွန်စည်ကားခဲ့ပါကြောင်း၊ အောင်မြင်သည်ဟု  ပြောနိုင်ပါ ကြောင်း၊ ရန်ကုန်မြို့ သိမ်ဖြူလမ်း၌ စာအုပ်လမ်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
တိုက်ရိုက်ဖြန့်ဖြူးပေးလျက်ရှိ
စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းများအား က္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စံသတ်မှတ်ချက်များနှင့်အညီ သတ်မှတ်အပူချိန်၊ စိုထိုင်းဆများအတိုင်းထိန်းညှိ၍Good Storage Practice (GSP)  ဖြင့် ထိန်းသိမ်းပါကြောင်း၊ ဆေးဝါးများထုတ်လုပ်ရာတွင်Good Manufacturing Practice (GMP)  စနစ်နှင့်အညီ ထုတ်လုပ်၍ အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို တိတိကျကျ  ချမှတ်ဆောင်ရွက်၍   ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် အခြားသောဝန်ကြီးဌာနများ၏  လိုအပ်ချက်နှင့်အညီ ဆေးရုံများသို့ တိုက်ရိုက်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။
ဈေးကွက်အတွင်းရောက်ရှိနေသော ပြည်သူလူထုအတွက် အန္တရာယ်ရှိသည့်  BPI အမှတ်တံဆိပ်  ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများကို ၂ဝ၁၆ ခုနှစ်   စက်တင်ဘာလ အတွင်းက ရှာဖွေ၊ စစ်ဆေး၊ အရေးယူမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော  BPI အမှတ်တံဆိပ်ဆေးဝါး များကို   အတုအပပြုလုပ်ခြင်းမှကာကွယ်နိုင်ရေးနှင့်   ထုပ်ပိုး အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် ဆေးပြား ၆၉  မျိုး၊ ဆေးမှုန့်တစ်မျိုးနှင့် ထိုးဆေး  ၆၄ မျိုးတို့ကို ထုပ်ပိုးမှု ပုံစံ အသစ်ဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ပါကြောင်း။
မြွေဆိပ်ဖြေဆေး  တိုးမြှင့်ထုတ်လုပ်
ကင်ဆာဝေဒနာရှင်များအတွက် နာကျင်ကိုက်ခဲမှုသက်သာ စေသော Morphine  Sulfate    Syrup နှင့် Morphine Sulfate Tablet တို့ကိုလည်းStability Test စမ်းသပ်နေပြီးHIVနှင့်Hepatitis 'B' ရောဂါဝေဒနာရှင်များအတွက် ကုသ ဆေးဖြစ်သည့်Tenofovir (300mg)ဆေးအသစ်ထုတ်လုပ် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြွေဆိပ်ဖြေဆေး  တိုးမြှင့်ထုတ်လုပ်ရေးအဆောက်အအုံကို ၂ဝ၁၆ ခုနှစ် မေလ ၂ဝ ရက်နေ့တွင် ဆေးဝါးစက်ရုံ (အင်းစိန်)တွင် ဖွင့်လှစ်နိုင်ခဲ့ ပါကြောင်း။
ဈေးကွက်တွင် ရောင်းချနိုင်ခဲ့
ဆေးရုံသုံး ခုတင်၊ ပရိဘောဂနှင့်  ခွဲစိတ်ခန်းသုံးပစ္စည်းများကို Medical Gradeနှင့်အညီ စတီးလ်ပစ္စည်းများဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနသို့ ဖြန့်ဖြူးပေးလျက်ရှိ ပြီးLocker တွဲဆက်ထားသည့် ဆေးရုံသုံးခုတင်နှင့်Medic- ine Cupboardတို့ကို စမ်းသပ်ထုတ်လုပ်လျက်ရှိပါကြောင်း၊ လယ်ယာသုံးစက်နှင့် စက်ကိရိယာပစ္စည်းများကို တောင်သူများ ၏ လိုအပ်ချက်နှင့်အညီ တီထွင်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါ ကြောင်း၊ ဇွဲ လယ်ထွန်စက်များ၏Hydraulic System နှင့် Clutch   ပိုင်းဆိုင်ရာများပြုပြင်ပြောင်းလဲခြင်း၊    ဧရာ(၁) လက်တွန်းထွန်စက်၊ စပါြးေ>ွခလှေ့စက်နှင့်  ဆန်စက်ငယ်များအား စွမ်းဆောင်မှုပိုမိုရရှိစေရန်   တီထွင်မှုများပြုလုပ်ပြီး ဈေးကွက်တွင် ရောင်းချနိုင်ခဲ့ပါကြောင်း။
နိုင်ငံပိုင်စက်ရုံများအား ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု များကိုဖိတ်ခေါ်၍ နည်းပညာနှင့်အရင်းအနှီးများ   ထပ်မံထည့်ဝင် စေပြီး ပုဂ္ဂလိက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ကြီးကြပ်မှု အောက်တွင် စက်ရုံပေါင်း ၁၁၈ ရုံရှိသည့်အနက် စက်ရုံ ၅၉ ရုံ အား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
SMEများအား ငွေကြေးအရင်းအနှီးရရှိစေရန် ပံ့ပိုးပေးနိုင် ရေးအတွက် နိုင်ငံတော်၏ ချေးငွေဖြင့် လုပ်ငန်းရှင် ၄၅၆ ဦးနှင့် ဂျပန်နိုင်ငံ၏Two Step Loan ချေးငွေဖြင့် လုပ်ငန်းရှင် ၁၈၉  ဦးတို့အား   ချေးငွေထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ဗဟိုဘဏ် ဥပဒေအရ   ချေးငွေကာလမှာ     တစ်နှစ်ဖြစ်သော်လည်း နိုင်ငံတော်အထူးချေးငွေ၊  ဂျပန်နိုင်ငံ၏Two Step Loan ချေးငွေတို့ဖြင့် ငါးနှစ်ကာလအထိ ထုတ်ချေးပေးနိုင်ခဲ့ပြီး လုပ်ငန်း ရှင်များ၏ ရင်းနှီးလည်ပတ်မှု အားကောင်းလာစေရန် ပံ့ပိုးပေး နိုင်ခဲ့ပါကြောင်း။
ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်
လုပ်ငန်းရှင် ၆၄၈ ဦးကို ချေးငွေရရှိရေးအတွက် ထောက်ခံ ချက်ပေးပြီးဖြစ်ပါကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင်CB ဘဏ်တစ်ခု တည်းသာ CGI စနစ်ကို စတင်ကျင့်သုံးခဲ့သော်လည်းKBZ Bank နှင့်SMIDB ဘဏ်တို့မှ CGI စနစ်အား ကျင့်သုံး လိုသဖြင့် တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံ KASIKORN   BANK မှလည်း မြန်မာနိုင်ငံ၏SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းမှုများ    ပြုလုပ်လျက် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် သတင်းထောက်များ၏ မေးမြန်းချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်   ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြေကြားကြသည်။
ကျောက်ဖြူ - ထားဝယ်စီးပွားရေးဇုန် နောက်ဆုံး အခြေ အနေနှင့် သင်္ကြန်ကာလ လေးရက်အတွင်း နယ်စပ်ဂိတ်များ ပိတ်ထားခဲ့မှုနှင့်  စပ်လျဉ်းသည့်  မေးခွန်းများနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် တာဝန်ရှိသူများက ဖြေကြား ရာတွင်  ကျောက်ဖြူစီမံကိန်းကို တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီ တစ်ခုက တင်ဒါအောင်မြင်ထားပြီးဖြစ်သည့်အတွက် EIA, SIA ကိစ္စများကို   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊  မကြာမီရက်ပိုင်းအတွင်းမှာလည်း      ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်ပြီး ကျောက်ဖြူနှင့် စစ်တွေဒေသများသို့ သွားရောက်ရန်ရှိပါကြောင်း၊  နှစ်ဖက် သဘောတူညီချက်အတိုင်း        လုပ်ထုံးလုပ်နည်းနှင့်အညီ   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊    သင်္ကြန်ကာလ အတွင်း   နယ်စပ်ကုန်သွယ်ရေးစခန်းများကို   ပိတ်ရက်မရှိ  ဆောင်ရွက်နေပါကြောင်း၊ ထားဝယ်စီးပွားရေးဇုန်နှင့် စပ်လျဉ်း ပြီး ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထုတ်ပြန်သွားမည်
 ကုန်ဈေးနှုန်းမြင့်တက်နေမှုအတွက် ထိန်းချုပ်နေမှုနှင့် နယ်လိုင်စင်မော်တော်ယာဉ်များ မူဝါဒပြောင်းလဲရန် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်နှင့် တာဝန်ရှိသူများက ကုန်သွယ်မှုမြှင့်တင်ရေး လျင်မြန်ချောမွေ့စေ ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ   ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေး အတွက်UMFCCI အပါအဝင် ညီနောင်အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ပြီး  ကုန်စည်များ  တင်ပို့ခြင်း၊  တင်သွင်းခြင်း  မြန်ဆန်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ Consignment  နှင့် တင်သွင်းထားသည့်မော်တော်ယာဉ်များအား   သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည်တင်ပို့ရန်  ၅ဝဝဝ ကျော်ရှိသော်လည်း လုပ်ငန်း ရှင်များနှင့် နိုင်ငံသားများ နစ်နာမှုမရှိစေရန် နည်းလမ်းရှာဖွေ ဆောင်ရွက်လျက်ရှိပါကြောင်း၊       အတည်ပြုချက်ရရှိပါက ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မြန်မာ-အိန္ဒိယနှစ်နိုင်ငံအစိုးရများအကြား ပဲတင်ပို့ရန် အစီအစဉ် ရှိ၊ မရှိ ၊ အိန္ဒိယနိုင်ငံအနေဖြင့် ပဲတင်သွင်းမှုအတွက် အခွန်တိုးကောက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က အိန္ဒိယနိုင်ငံသို့ အစိုးရများအကြား   ပဲတင်ပို့ရန်    ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အများဆုံး ပဲတင်ပို့နိုင်မှုမှာ ၁ ဒသမ ၈ သန်း ခန့်သာ ရှိပါကြောင်း၊    အိန္ဒိယသို့   တန်ချိန်   ၁   သန်း ခန့်သာ တင်ပို့နိုင်ပါကြောင်း၊ တန်ချိန် သိန်းဂဏန်းက စတင် ဆောင်ရွက်ပါက     ဖြစ်နိုင်မည်ဟု   ညှိနှိုင်းထားပါကြောင်း၊ လက်မှတ်ထိုးမည့်MoU မူကြမ်းကို သံရုံးမှ ပြန်လည်ပေးပို့ထား ပါကြောင်း၊   နိုင်ငံပိုင်အဖွဲ့အစည်းက  ကိုင်တွယ်ဆောင်ရွက်ရန် အိန္ဒိယအနေဖြင့် တောင်းဆိုနေပါကြောင်း၊ ဆောင်ရွက်ပေးနိုင် သည့်  အတိုင်းအတာကို   အကြောင်းကြားထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးပါကြောင်း၊ ပဲတင်ပို့မှု အခွန်တိုး ကောက်ရန်နှင့် စပ်လျဉ်း၍   မြန်မာနိုင်ငံက ထုတ်လုပ်သည့် သက်သေခံလက်မှတ်ပါပါက အခွန်တိုးကောက်မည်မဟုတ်ပါ ကြောင်း ဖြေကြားသည်။
ကားတင်သွင်းမှု
မြန်မာနိုင်ငံသို့ အမေရိကန်အစိုးရမှ ပေးလိုက်သည့် GSPအခွင့်အရေးနှင့် ပတ်သက်ပြီး ပို့ကုန်တင်သွင်းမှု၌ အသုံးချနေ မှုနှင့် တစ်ဦးချင်းကားတင်သွင်းမှုနှင့် စပ်လျဉ်း၍ မူဝါဒပြောင်းလဲ ခြင်းရှိ၊ မရှိ မေးခွန်းတို့အပေါ်  ဖြေကြားရာတွင် အမေရိကန် GSP အခွင့်အရေးကို ၂ဝ၁၆ ခုနှစ်  နိုဝင်ဘာလတွင် ပေးခဲ့ပါ ကြောင်း၊  မိမိတို့နိုင်ငံအနေ ဖြင့် ကုမ္ပဏီတစ်ခုသာ စတင်လျှောက် ထားသေးပါကြောင်း၊ အမေရိကန်GSP အခွင့်အရေးများနှင့် စပ်လျဉ်း၍ စီးပွားရေးသတင်းဂျာနယ်၌ အသေးစိတ်ဖော်ပြခဲ့ပါ ကြောင်း၊GSP အခွင့်အရေးကို အသုံးပြုရန်  သက်ဆိုင်ရာအဖွဲ့ အစည်းများသို့  အသိပေးပြီး ဖြစ်ပါကြောင်း၊ ၂ဝ၁၇ ခုနှစ်အတွက် ကားတင်သွင်းမှု နှင့်စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း  ဖြေကြားသည်။
အောင်ရှုံးဆုံးဖြတ်
အမျိုးသားပညာရေး  နည်းဥပဒေဆောင်ရွက်နေမှုကိစ္စ၊ ဆရာ၊ ဆရာမများအား လိုင်စင်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ လာမည့်နှစ်အတွက် နေ့စားလပေးဆရာ၊ ဆရာမများခန့်ထားမည့် အရေအတွက်၊ တစ်ဘာသာဖြေဆိုရုံဖြင့် စာမေးပွဲအောင်မြင် သည်ဟု ဝေဖန်နေသည့်ကိစ္စများနှင့် ပတ်သက်သည့် မေးခွန်းများ နှင့်စပ်လျဉ်း၍    ပညာရေးဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့်   တာဝန်ရှိသူတို့က  အမျိုးသားပညာရေး ဥပဒေကို   ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊  နည်းဥပဒေနှင့် စပ်လျဉ်း၍  ကဏ္ဍအလိုက်  ဆက်လက်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပုဂ္ဂလိကကျောင်းဥပဒေ ထွက်ရှိလာပါက ဆရာ၊ ဆရာမ များအတွက် လိုင်စင် သို့မဟုတ် သတ်မှတ်ချက်တစ်ခုခုဖြစ်ဖြစ်၊ ပညာအရည်အချင်းဖြစ်ဖြစ် တစ်ခုခု ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် နေ့စားလပေး ဆရာ၊ ဆရာမများကို ခန့်အပ်ရန်မှာ ဒေသလိုအပ်ချက်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊   တစ်ဘာသာဖြေဆိုသည် ဆိုသည်မှာ  နောက်ဆုံးစာမေးပွဲဖြစ်ပါကြောင်း၊  စာမေးပွဲ အောင်တာနှင့် စာတတ်တာ ကွဲပြားဖို့လိုပါကြောင်း၊ စာသင်ချိန် ၁ဝ လရှိပြီး စာမေးပွဲဆိုသည်မှာ ၂ နာရီစာသာ မေးခြင်းဖြစ်ပါ ကြောင်း၊ ဆန်းစစ်မှုများမှာ တစ်လျှောက်လုံး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ မတတ်သေးလျှင်လည်း တတ်အောင်သင်ကြား ပါကြောင်း၊ စာမေးပွဲ ၂ နာရီစာဖြင့် အောင်၊ ရှုံးကို မဆုံးဖြတ်ဘဲ တစ်နှစ်လုံးဆန်းစစ်ချက်များဖြင့် ပေါင်းစပ်ပြီးမှသာ အောင်၊ရှုံး ဆုံးဖြတ်ခြင်းဖြစ်ပါကြောင်း  ဖြေကြားသည်။
အတည်ပြု ရရှိထားပြီးဖြစ်
တက္ကသိုလ်များ ဗဟိုအုပ်ချုပ်မှုလျှော့ချပြီး လွတ်လပ်ခွင့် ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ ရန်ကုန်တက္ကသိုလ်သမဂ္ဂပြန်လည်တည် ဆောက်မည့်အစီအစဉ်နှင့်     စပ်လျဉ်း၍     ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့်   တာဝန်ရှိသူများက   တက္ကသိုလ်များကို လွတ်လပ်ခွင့် ပေးထားပါကြောင်း၊ ဘဏ္ဍာငွေခွဲဝေရေးကိစ္စကိုသာ ကြီးကြပ်ဆောင်ရွက်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ကို ပြည်ထောင်စုဝန်ကြီးကသာ တာဝန်ခံရပါကြောင်း၊ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံ တည်ဆောက် ရန် ဘတ်ဂျက်ပါရှိပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်၌ ငွေ$ ၅ ဒသမ ၂ ဘီလီယံကို အတည်ပြု ရရှိထားပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
အစိုးရသစ်တစ်နှစ်ပြည့်တွင်   နိုင်ငံပိုင်သတင်းစာများ၌ အင်တာဗျူးများဖော်ပြခဲ့မှု နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယခုအစိုးရသစ် တစ်နှစ်ပြည့်ချိန်တွင် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်ခြင်း၊ မီဒီယာများနှင့် ထိတွေ့ပြောဆိုခြင်း အစီအစဉ်ကို ဆောင်ရွက်ပါကြောင်း၊  ဝန်ကြီးဌာနအလိုက်  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခြုံငုံသုံးသပ်ခြင်း၊  အများ၏အမြင်များကို   ပြောနိုင်ရန်    ဆောင်ရွက်ထားခြင်းများရှိပါကြောင်း၊   တစ်ချိန် တည်းတွင် နှစ်သစ်ကူးနှင့်ပတ်သက်၍  နှစ်သစ်ဆုတောင်းများ ပြောဆိုရန်ရှိပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် မူဝါဒနှင့်  မသက်ဆိုင်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ အလုပ်ကို  ပုံမှန်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊   အစိုးရ၏ တစ်နှစ်တာကာလအတွင်း  ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြင်ပမှသုံးသပ်ချက်များကို ရယူပါကြောင်း၊ ထင်ထင်ရှားရှား ဖြစ်သည့် ပုဂ္ဂိုလ်များကို မေးမြန်း၍ ဖော်ပြခြင်းဖြစ်ပါကြောင်း၊ အစိုးရ တစ်နှစ်ပြည့်မြောက်သည့်အချိန်တွင်  လုပ်ခဲ့သည့် အစီအစဉ်များထဲက တစ်ခုသာဖြစ်ပါကြောင်း ဖြေကြားသည်။
ပုဂ္ဂလိကကုမ္ပဏီငါးခုအား   Content Provider များ အဖြစ် လုပ်ပိုင်ခွင့်ပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား òန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက   Content Provider များ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု၊ ငွေကြေးရင်းနှီး မြှုပ်နှံမှုနှင့် ပတ်သက်၍ ခိုင်မာမှု၊ တရားဥပဒေလိုက်နာမှု၊ လက်ရှိ ထုတ်ပြန်သည့်မူဝါဒနှင့် နောင် အခါအားလျော်စွာ ထုတ်ပြန်မည့် မူဝါဒများအား လိုက်နာနိုင်မှု ရှိ၊ မရှိ၊ လိုအပ်သည့် ငွေကြေးများ ပေးချေနိုင်ခြင်း၊ ပစ္စည်းများ ဝယ်ယူတပ်ဆင်နိုင်ခြင်း ရှိ၊ မရှိ အသေးစိတ်မေးမြန်းပြီး တကယ်လုပ်နိုင်မည့် ကုမ္ပဏီ ငါးခုကို ရွေးချယ်ခဲ့ခြင်း  ဖြစ်ပါကြောင်း၊ ပေးနိုင်သည့် Channel သည် ငါးခုဖြစ်သည့်အတွက် အဆင့်ဆင့် စနစ်တကျ ရွေးချယ်ခဲ့ပါ ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ တရားမျှတ စွာဖြင့် မှန်မှန်ကန်ကန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါကြောင်း ဖြေကြား သည်။
အမျိုးသားစာပေဆု     ရွေးချယ်ရေးနှင့်   ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမျိုးသားစာပေဆု အမျိုးအမည်များစွာရှိပါကြောင်း၊ တစ်ခုစီအတွက် ရွေးချယ်ရေး ဆပ်ကော်မတီများရှိပါကြောင်း၊ ဆုရွေးချယ်ရေးဆောင်ရွက် ရန် စာပေနယ်ပယ်တွင် ထင်ရှားသော၊ အများအသိအမှတ်ပြု သော   ပုဂ္ဂိုလ်များကို  ဆုရွေးချယ်ရေးအဖွဲ့ထဲတွင် ပါဝင်ရန် ဖိတ်ခေါ်ပါကြောင်း၊ ထင်ရှားသည့် ဆရာကြီးများ ဦးဆောင်ပြီး အမျိုးသား စာပေဆုရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းရန် မိမိတို့က အပ်ပါကြောင်း၊ ရွေးချယ်သည့်အခါတွင်လည်း ယင်းအဖွဲ့အစည်း များက သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ရွေးချယ် ပေးမည့်   ရလဒ်များအတိုင်း   ထွက်ပေါ်လာရန်ရှိပါကြောင်း ဖြေကြားသည်။
အမြဲတမ်းပူးပေါင်းဆောင်ရွက်
သတင်းမီဒီယာသမားများ    ကျင့်ဝတ်ဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်း မီဒီယာသမားများ ကျင့်ဝတ်ကို ထိန်းသိမ်းရန်အတွက်မှာ သတင်း မီဒီယာသမားများကိုယ်တိုင် ဦးဆောင်၍ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ သတင်းမီဒီယာအဖွဲ့ အစည်းများက အဓိက ဦးဆောင်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့်လည်း မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် ရန် တာဝန်ရှိသည့်အတွက် မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မီဒီယာသမားများသည် ယခု ၄ ၊ ၅ နှစ်အတွင်းတွင် ဖွံ့ဖြိုး လာသည့်အတွက် အားနည်းသည့်အပိုင်းများ ရှိသေးပါကြောင်း၊ ကျင့်ဝတ်ကိစ္စများတိုးတက်ရန်     သတင်းမီဒီယာသမားများ အားလုံး ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ မိမိတို့ အနေဖြင့် အမြဲတမ်းပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိပါ ကြောင်း ဖြေကြားသည်။
သတင်းမည်သို့ယူရမည်
ရခိုင်ပြည်နယ်အရေးကိစ္စသတင်းများ ရယူခွင့်နှင့် ပတ်သက် သည့် မေးခွန်းကို  ဖြေကြားရာတွင် ရခိုင်ပြည်နယ် သတင်းများ ရယူနိုင်စေရန် အမြဲကြိုးစားပေးလျက်ရှိပါကြောင်း၊ ယင်းနေရာ နှင့်ပတ်သက်သည်   သတင်းများစွာ  ထွက်ပါကြောင်း၊ သတင်း အများစုသည့်     မမှန်သည့်သတင်းများ   ဖြစ်ပါကြောင်း၊International Crisis Group ( ICG ) အစီရင်ခံစာတွင် ရခိုင်မြောက်ပိုင်းနှင့်ပတ်သက်၍ သတင်းပြည့်ပြည့်ဝဝရရှိနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်းကို ရေးထားပါကြောင်း၊ မေးမြန်းသင့် သည့်နေရာများကို ပြည့်စုံအောင် မေးမြန်းနိုင်ခဲ့ကြောင်း၊ လိုအပ် သည့်အခါတွင်  ဒေသစကားနားလည်သည့်   စကားပြန်များ အသုံးပြုခဲ့သည်ဟု သိရပါကြောင်း၊ မိမိတို့ ပြည်တွင်း၌ရှိသော သတင်းသမားများသည် ယင်းနေရာမှ သတင်းကိုရရန်ICG  ထက် အားမနည်းပါကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်သည့် သတင်းသမားများသည် ယင်းအချိန်က သတင်း အမှန်များကို  ပိုမိုသိနိုင်မည်ဟု မြင်ပါကြောင်း၊ ယင်းအချိန်က နိုင်ငံတကာက မမှန်မကန်သတင်းများကို ထုတ်လွှင့်နေချိန်တွင် မိမိတို့ မီဒီယာသမားများထဲမှ မောင်တောက အခြေအနေကို စုံစမ်းမေးမြန်းပြီး တွေ့ရှိခဲ့သည့် အခြေအနေမှန်ကို သတင်း ထုတ်ပြန်ခြင်းမျိုး မတွေ့ခဲ့ရပါကြောင်း၊ သတင်းရရန် ခက်ခဲသည့် နေရာများ ရှိနိုင်ပါကြောင်း၊ သို့သော် မီဒီယာသမားများ တကယ် အားထုတ်ပါက ရနိုင်ပါကြောင်း ဖြေကြားသည်။
ဒစ်ဂျစ်တယ်သတင်းစာနှင့်စပ်လျဉ်း၍ မေးမြန်းမှုများကို ဖြေကြားရာတွင်  ပုံနှိပ်၊မီဒီယာသည် က္ဘာတွင် မှေးမှိန်လာပါကြောင်း၊ နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ  ကမ္ဘာ တစ်ဝန်းတွင်  အွန်လိုင်းမီဒီယာလုပ်ငန်းများ  ဆောင်ရွက် လာသည့်အတွက် အများနည်းတူ ကြိုးစားဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူများထံ သတင်းအချက်အလက်များ မြန်မြန် ဆန်ဆန်အသိပေးနိုင်ရန် ရည်ရွယ်ပါကြောင်း၊ မိမိတို့ တိုင်းပြည်၏  ဆောင်ရွက်နေမှုများကို  ပြည်တွင်း၊ ပြည်ပ စာဖတ်ပရိသတ်များနှင့် တစ်ကမ္ဘာလုံးက သိရှိနိုင်ရန်၊ သတင်း အချက်အလက် များကို မြန်မြန်ဆန်ဆန် အချိန်နှင့်တစ်ပြေးညီ အသိပေးလိုသည့် ရည်ရွယ်ချက်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။
လုံခြုံစိတ်ချရမှုနှင့် အာနိသင်ရှိ
BPI  ဆေးဝါးစက်ရုံမှ ကင်ဆာဝေဒနာရှင်များအတွက် နာကျင်ကိုက်ခဲမှု သက်သာသည့် ဆေးဝါးထုတ်လုပ်နေမှု အခြေ အနေနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ကင်ဆာဝေဒနာရှင်များအတွက် နာကျင်ကိုက်ခဲ မှု သက်သာစေရန် ဆေးဝါးထုတ်လုပ်ရာ၌ မော်ဖင်းနှင့် ကိုဒင်းတို့ ပါဝင်ပါကြောင်း၊ လိုအပ်သည့် မော်ဖင်းအား ပြည်ပမှ ဝယ်ယူ တင်သွင်းပါကြောင်း၊ ကိုဒင်းအတွက် လိုအပ်သည့် ဘိန်းစိမ်း ကီလို ၆၅ဝဝ ဂရမ် ရရှိရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး တောင်းခံထားပါကြောင်း၊ ရရှိပါက ဘိန်းစိမ်းမှ ကိုဒင်းဖော့စဖိတ် ထုတ်လုပ်မည်ဖြစ်ပါကြောင်း၊ မော်ဖင်းမှ မော်ဖင်းဆေးတောင့် ထုတ်ယူမည်ဖြစ်ပါကြောင်း၊ အဆိုပါဆေးဝါးများကို ဆေးဝါး ဖော်စပ်ပုံ နည်းပညာအသစ်ဖြင့် သုတေသနပြု ထုတ်လုပ်ထား ခြင်းဖြစ်ပြီး ပြည်တွင်း၌ ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ် ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ခုခံအားကျဆင်းမှု ရောဂါနှင့် Hepatitis B ရောဂါများအတွက် ကုသဆေးဖြစ် သည့်Tenofovir (300 mg) အတွက် ဆေးဝါးထုတ်လုပ်မှု နည်းပညာကို အိန္ဒိယနိုင်ငံမှဝယ်ယူ၍ ဆေးဝါးစက်ရုံ (ရန်ကုန်)၌ စမ်းသပ်ထုတ်လုပ်နေပါကြောင်း၊FDA လိုင်စင်ရရှိရန် ဆောင်ရွက်နေပြီး ဈေးကွက်အတွင်း ဆက်လက်ရောင်းချနိုင်ရန် စီစဉ်နေပါကြောင်း၊BPI ဆေးဝါးများထုတ်လုပ်ရာတွင် အရည် အသွေးကောင်းမွန်မှု၊    လုံခြုံစိတ်ချရမှုနှင့်  အာနိသင်ရှိရမည် ဟူသည့်    ရည်ရွယ်ချက်များဖြင့်  ဆောင်ရွက်နေပါကြောင်း ဖြေကြားသည်။
ထုတ်လုပ်ရောင်းချသွားမည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒီဇိုင်းရေးဆွဲပေးသည့် မြန်မာမှုလက်ရာ ယွန်း၊ ကနုတ်၊ ပန်းပုတို့ဖြင့် ပေါင်းစပ်ထား   သည့် မှန်စားပွဲထုတ်လုပ်နေမှုနှင့်  စပ်လျဉ်း၍ ဖြေကြားရာတွင်  မှန်အခြေပြု၍  ယွန်း၊ ကနုတ်ဖြင့် မှန်စားပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒီဇိုင်းရေးဆွဲပြီး အမှတ်(၂) အကြီးစားစက်မှု လုပ်ငန်းရှိ မှန်စက်ရုံ(ကျောက်ဆည်)က ထုတ်လုပ်ခြင်း ဖြစ်ပါ ကြောင်း၊ မြန်မာ့လက်မှုပညာကို ဈေးကွက်ရရှိရေး၊ အဆင့်မြင့် မှန်များကို အသုံးချရေးနှင့် ရောင်းချနိုင်ရေး စသည့်ရည်ရွယ် ချက်များဖြင့် ဆောင်ရွက်နေပါကြောင်း၊ အဆိုပါ ရည်ရွယ်ချက် များဖြင့်  စမ်းသပ်ထုတ်လုပ်ရောင်းချနေရာတွင်  ခြောက်လ အတွင်း စားပွဲခုံ ၂ဝ ရောင်းချခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ မှန် စားပွဲများကို ဒီဇိုင်းပေါ်မူတည်၍ ငွေ$ကျပ် တစ်သိန်းမှ နှစ်သိန်း ဝန်းကျင်အထိရှိပြီး   ဝယ်လိုအားလိုအပ်ချက်ပေါ်   မူတည်၍ ဆက်လက် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ပါကြောင်း ဖြေကြား ကြသည်။                       
(သတင်းအဖွဲ့)

No comments:

Post a Comment