Thursday, April 27, 2017

တက္ကဆက်ပြည်နယ်တွင် လေယာဉ်တစ်စင်းပျက်ကျ ၊ လေယာဉ်မှူးသေဆုံး

Image may contain: outdoor

ဟူစတန် ဧပြီ ၂၆

အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် အရှေ့ပိုင်း ဟန့်စ်ဗီလီမြို့တွင် လေယာဉ် တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် သစ်ပင်ကို ဝင်တိုက် မိကာ မီးလောင်ပြီး ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ဟူစတန်ဒေသတွင်း လေဆိပ်တစ်ခုမှ ထွက်ခွာလာသော စက်စ်နာ ၄၂၁ လေယာဉ်သည် ဟန့်စ်ဗီလီ မြို့အနီးရှိ ရေအိုင်တစ်ခုတွင်းသို့ ပျက်ကျခဲ့ ခြင်းဖြစ်သည်။
လေယာဉ်သည် ရေအိုင်အတွင်းသို့ ဇောက်ထိုးပြုတ်ကျခဲ့ပြီး သေဆုံးသူ လေယာဉ်မှူးအား လေယာဉ်ပျက်ကျခဲ့ သည့်နေရာတွင် ရေငုပ်သမားများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပျက်ကျမှုကို အမေရိကန် နိုင်ငံ ဖယ်ဒရယ်လေကြောင်းလိုင်းဦးစီး ဌာန အက်ဖ်အေအေက အတည်ပြုခဲ့ သည်။ လေယာဉ်မီးလောင်မပျက်ကျခင် တွင် လောင်စာဆီနှင့်ပတ်သက်၍ အခက် အခဲဖြစ်နေကြောင်း လေယာဉ်မှူးက ပြောကြားခဲ့သည်ဟု ယင်းဌာနက ဆက်လက်ပြောကြားခဲ့သည်။ (ဆင်ဟွာ)

No comments:

Post a Comment