Thursday, April 27, 2017

အလက်ဇစ်ဆန်းချက်ဇ်အား ပရီမီယာလိဂ်ပြိုင်ဘက်အသင်းများထံ ရောင်းချမည်မဟုတ်ကြောင်း အာစင်ဝင်းဂါးပြောကြား

Image may contain: 1 person, playing a sport, stadium and outdoor
အာဆင်နယ်အသင်း၏ အထားရသည့်အဓိကတိုက်စစ်မှူး အလက်ဇစ်ဆန်းချက်ဇ်အား ပရီမီယာလိဂ်ပြိုင်ဘက် အသင်းများထံ ရောင်းချလိမ့်မည်မဟုတ်ကြောင်း အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ထုတ်ဖော်ပြောကြား လိုက်သည်။
အသက်(၂၈)နှစ်အရွယ်ရှိ ချီလီကြယ်ပွင့်အလက်ဇစ် ဆန်းချက်ဇ်သည် မန်စီးတီးအသင်းအား အာဆင်နယ် အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေ ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးသော်လည်း စာချုပ်သစ်တစ်ရပ်ထပ်တိုးချုပ်ဆိုတော့မည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် နည်းပြအာစင်ဝင်းဂါးက အလက်ဇစ်ဆန်းချက်ဇ်အား မည်သည့်ပရီမီယာလိဂ်ပြိုင်ဘက်အသင်းကိုမဆို ရောင်းချမည်မဟုတ်သည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ ဆန်းချက်ဇ်မှာ အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆို လိမ့်မည်ဖြစ်ကြောင်းနှင့် အနာဂတ်ကာလတွင်လည်း လန်ဒန်မြောက်ပိုင်းကလပ် အာဆင်နယ်အသင်းတွင် ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် တိုက်စစ်မှူး ဆန်းချက်ဇ်အား ပရီမီယာလိဂ်ပြိုင်ဘက်အသင်းများဖြစ်ကြသည့် မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ကလည်း ခေါ်ယူရန်စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
နည်းပြအာစင်ဝင်းဂါးသည်လည်း ယခုနှစ်ဘောလုံး ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သောကြောင့် နောက်ထပ်နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ် တစ်ရပ်ထပ်တိုးချုပ်ဆိုရန် ကမ်းလှမ်းထားသည်။
(ငွေကြယ်)

No comments:

Post a Comment