Friday, April 28, 2017

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ရုရှားသမ္မတ ပူတင်တို့ မော်စကို၌ တွေ့ဆုံဆွေးနွေး





 မော်စကို ဧပြီ ၂၇


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ မော်စကို၌ အစည်းအဝေးတစ်ရပ်ကျင်းပ လျက်ရှိကြောင်း သိရသည်။ 

 ကြာသပတေးနေ့ ညနေခင်းတွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး အစိုးရ အ¸လေယာဉ်ဖြင့် ရောက်ရှိလာပြီး နောက် ဂျပန်နှင့် ရုရှား နှစ်နိုင်ငံ (၁၇) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ရုရှားနိုင်ငံ မော်စကိုမြို့၌ စတင်ကျင်းပ ခဲ့ခြင်းဖြစ်သည်။

အာဘေးသည် ဂျပန်နိုင်ငံက ပိုင်ဆိုင်သည်ဟု အငြင်းပွားလျက်ရှိသည့် ရုရှားတို့ ထိန်းချုပ်ထားသော ကျွန်း လေးခုနှင့်ပတ်သက်သည့် ပူးတွဲစစ်တမ်း ကောက်ယူမှုတစ်ရပ် ပြုလုပ်ရန်အတွက် နှစ်နိုင်ငံလုံးမှ အာဏာပိုင်များနှင့် တခြား တာဝန်ရှိသူများအား ပူးပေါင်း ပါဝင်လာစေနိုင်မည့် သဘောတူညီမှု ကို ရုရှားထံမှရရှိရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရသည်။

ယင်းစစ်တမ်းကောက်ယူမှုများက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကမ်းလှမ်းခဲ့သည့်အတိုင်း အဆိုပါကျွန်း များပေါ်တွင် နှစ်နိုင်ငံအတူတကွ ပူးပေါင်း ဆောင်ရွက်သွားမည့် စီးပွားရေးစီမံကိန်း များကို ရွေးချယ်ရာတွင် အကူအညီပေး နိုင်လိမ့်မည်ဟု အာဘေးက မျှော်လင့် ထားသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စီးပွားရေးအရ နီးကပ်စွာ ပူးပေါင်းနိုင် ရန် ငါးဖမ်းလုပ်ငန်း၊ သဘာဝပတ်ဝန်း ကျင်ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းနှင့် တခြားသော လုပ်ငန်းနယ်ပယ်များတွင် လည်း ယခုကဲ့သို့ ဆောင်ရွက်နိုင်ရေး အာရုံစိုက်လျက်ရှိသည်။ 

အာဘေးအနေဖြင့် ယင်းအစီ အစဉ်က ကာလကြာမြင့်ခဲ့ပြီဖြစ်သည့် နယ်မြေပိုင်နက်ဆိုင်ရာ အငြင်းပွားမှု များကို ဖြေရှင်းရန် ဂျပန်၏ကြိုးပမ်း အားထုတ်မှုများကို အကူအညီပေးနိုင် လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရ သည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment