Friday, April 28, 2017

ဆီးရီးယားနိုင်ငံ လေတပ်စခန်းတွင် ဓာတုလက်နက်ရှိကြောင်း အမေရိကန်တို့ အထောက်အထားထုတ်ပြန်နိုင်ခြင်းမရှိသေး




 မော်စကို ဧပြီ ၂၇

 

အမေရိကန်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ ရှေရက်တ် လေတပ်စခန်းကို တိုက်ခိုက်ခဲ့သည့်လုပ်ရပ်မှာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ ကာကွယ် ရေးဝန်ကြီး ဆာဂျီရှိုဂူက မော်စကို အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအစည်းအဝေး၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် ဆီးရီးယားလေတပ်ကို တိုက်ခိုက်ခဲ့ခြင်းမှာ ယင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်နေ သော ရုရှားတပ်ဖွဲ့ကို ခြိမ်းခြောက်ရာရောက်ကြောင်း၊ ထို့ကြောင့် ရုရှားနိုင်ငံအနေဖြင့် အစိုးရတပ်ဖွဲ့ကို ကာကွယ်ရန် လိုအပ် သောဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှိုဂူက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက အမေရိကန်တပ်ဖွဲ့သည် ဆီးရီးယား နိုင်ငံ ရှေရက်တ်လေတပ်စခန်းကို ဒုံးကျည် ၅၉ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ လေတပ်စခန်းသည် ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သော ကြောင့်ဖြစ်ပြီး အမေရိကန်တို့က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ ခြင်းမှာ ယင်းလေတပ်စခန်းရှိ လက်ကျန် ဓာတုလက်နက်ကို ဖျက်ဆီးလိုသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်က ပြောကြားသည်။

လတ်တလောတွင် အမေရိကန်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ ရှေရက်တ်လေတပ်စခန်းတွင် ဓာတုလက်နက် ရှိကြောင်း မည်သည့် အထောက်အထားကိုမျှ ပြသနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment