Sunday, April 30, 2017

ဘက်စုံပညာထူးချွန် ကျောင်းသားကျောင်းသူများ အင်းလေးအပန်းဖြေစခန်းသို့ ရောက်ရှိ



Image may contain: 4 people, people standing, crowd and outdoor
ညောင်ရွှေ ဧပြီ ၂၉
အင်းလေးခေါင်တိုင် ဘက်စုံပညာထူးချွန်လူငယ်အပန်းဖြေ စခန်းတွင် ဒေသန္တရလေ့လာရေးနှင့် အပန်းဖြေအနားယူရန် နဝမတန်းဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူ ၁၇၆ ဦးသည် ရှမ်းပြည်နယ် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးမြင့်အောင် ကြီးကြပ်လျက် ဆရာ ဆရာမ ၁၈ ဦးနှင့်အတူ ယနေ့ ညနေ ၄ နာရီတွင် ညောင်ရွှေမြို့နယ်ရှိ အင်းလေးခေါင်တိုင်အပန်းဖြေစခန်းသို့ ရောက်ရှိကြောင်း သိရသည်။
ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် မဟာမြတ်မုနိဘုရားကြီးအား ဖူးမြော်ပြီး မန္တလေးမှ ထွက်ခွာလာရာ ညနေ ၄ နာရီတွင် တည်းခိုမည့် အင်းလေးဟူပင်ဟိုတယ်သို့ ရောက်ရှိကြသည်။
ဘက်စုံပညာထူးချွန်လူငယ် ကျောင်းသား ကျောင်းသူများကို ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးနှင့် ဌာနဆိုင်ရာများ၊ ဘင်ခရာအဖွဲ့ များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက ပန်းစည်း၊ ပန်းကုံးများကမ်း၍ လမ်းဘေးဝဲ၊ ယာတစ်လျှောက် သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြောင်း သိရသည်။
သတင်း-ဟိန်းထက်ဇော်(မြန်မာ့အလင်း) 
ဓာတ်ပုံ-ဇော်ဘီ(mmal)

No comments:

Post a Comment