Sunday, April 30, 2017

ရေပူနှင့်မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

No automatic alt text available.
နေပြည်တော် ဧပြီ ၂၉
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဧပြီ ၂၈ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန်အစီး ၁၁၂ဝ၊ သွင်းကုန်အစီး ၆၁ဝ၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ်ပို့ကုန် ၃၅ စီး၊ သွင်းကုန် ၈၆ စီးဖြင့် ကုန်စည်များ သယ်ယူပို့ဆောင် လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့ သော ကုန်ပစ္စည်းများအား စစ်ဆေးမှုပြုလုပ်ဆောင်ရွက် လျက်ရှိရာ ဧပြီ ၂၈ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်းက တားဆီးမှုလေးမှု(ခန့်မှန်းတန်ဖိုးကျပ် ၈ ဒသမ ၅၉၆ သန်းခန့်)ရှိပြီး ထူးခြားဖမ်းဆီးမှုအနေဖြင့် ဧပြီ ၂၇ ရက်တွင် မြဝတီမှရန်ကုန်သို့သွားရောက်မည့် ခရီးသည်တင် မှန်လုံယာဉ်အား မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် PSI Full Receiver (100)U စလောင်းဗန်း(60)Uနှင့် စလောင်းဒေါက်တိုင် (200)U စုစုပေါင်းခန့်မှန်း တန်ဖိုးကျပ် ၂ ဒသမ ၂၈ သန်းခန့်အား တွေ့ရှိ၍ သိမ်း ဆည်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment