Wednesday, April 26, 2017

ပရီမီယာလိဂ်ကို ချက်ချင်းပြန်လည်တန်းတက်လာမယ့် နယူးကာဆယ်

Image may contain: 1 person, outdoor
နယူးကာဆယ်အသင်းဟာ ပရက်စ်တန်အသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ ပရီမီ ယာလိဂ်ကို ချက်ချင်းပြန်လည်တန်းတက်ခွင့်ရရှိသွားခဲ့ပါ ပြီ။
နယူးကာဆယ်အသင်းအနေနဲ့ ပရက်စ်တန်အသင်း ကို ပီရက်ဇ်၊ အက်ဆူ၊ ရစ်ချီတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ တာဖြစ်ပြီး နယူးကာဆယ်ရရှိခဲ့တဲ့ သွင်းဂိုးလေးဂိုးစလုံးဟာ ပရက်စ်တန်အသင်းခံစစ်ပိုင်းရဲ့ အားနည်းချက်တွေကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။
နည်းပြရာဖေးလ်ဘင်နီတက်ဇ်ရဲ့ နယူးကာဆယ် အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်သုံးပွဲမှာ တစ်မှတ်သာ ရယူနိုင် ခဲ့ပေမယ့် အခုနိုင်ပွဲကြောင့်လည်း ပရီမီယာလိဂ်ကို ချန်ပီယံရှစ်ကနေတန်းတက်လာမယ့် ထိပ်ဆုံးနှစ်သင်း အဖြစ် ရပ်တည်ခွင့်ပိုမိုခိုင်မာလာခဲ့တာဖြစ်ပါတယ်။
နည်းပြရာဖေးလ်ဘင်နီတက်ဇ်ဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီက နယူးကာဆယ်အသင်းကို ပရီမီယာလိဂ်ကနေ တန်းဆင်းမသွားရရေး မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ချန်ပီယံ ရှစ်ကနေ ပရီမီယာလိဂ်ကို ချက်ချင်းပြန်လည်တက်လှမ်း နိုင်ခဲ့တာကတော့ ဘင်နီတက်ဇ်အတွက် ကြီးမားတဲ့အောင် မြင်မှုလိုပဲ ဆိုရမှာပါ။ ဘင်နီတက်ဇ်ဟာ လီဗာပူးအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဆုဖလားကို ရယူပေးနိုင်ခဲ့တဲ့ နည်းပြ တစ်ဦးဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ချိန်မှာတော့ နှစ်လပဲ တာဝန်ယူကိုင်တွယ်ခွင့် ရရှိခဲ့ပါတယ်။
နယူးကာဆယ်အသင်း အခုလို ပရီမီယာလိဂ်ကို ပြန်လည်တန်းတက်ခွင့်ရရှိအောင်လည်း အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ပေါင်သန်း ၅ဝ အထိအသုံးပြုခဲ့တာ ဖြစ်ပြီး ချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းမှာ တန်ဖိုးအမြင့်ဆုံးအသင်း တစ်သင်းအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ၂ဝ၁၅-၂ဝ၁၆ ဘောလုံး ရာသီကုန်မှာ ရမှတ် ၃၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၁၈) တန်းဆင်းဇုန်အတွင်းကျရောက်ခဲ့ပြီး ချန်ပီယံ ရှစ်ကို တန်းဆင်းသွားခဲ့ရပါတယ်။ ဒါပေမယ့် ချန်ပီယံရှစ် မှာ တစ်ရာသီသာ ကစားခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘောလုံး ရာသီမှာ ပရီမီယာလိဂ်ကို တန်းပြန်တက်လာတော့ မှာပါ။
ဒီအသင်းရဲ့ သမိုင်းကြောင်းကို အနီးကပ်ဆုံးပြန်ကြည့် မယ်ဆိုရင် ၂ဝဝ၈-၂ဝဝ၉ ဘောလုံးရာသီကုန်မှာ တန်းဆင်းသွားခဲ့ပြီး ၂ဝဝ၉-၂ဝ၁ဝ ဘောလုံးရာသီမှာ ချန်ပီယံရှစ်မှာဖြတ်သန်းခဲ့ရကာ ၂ဝ၁ဝ-၂ဝ၁၁ ဘောလုံး ရာသီအရောက်မှာတော့ ပရီမီယာလိဂ်ကို တန်းပြန်တက် လာတာတွေ့ရမှာဖြစ်ပါတယ်။
နယူးကာဆယ်အသင်းအနေနဲ့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ ခြောက်ကြိမ်အထိ ဗိုလ်စွဲထားခဲ့သလို ချန်ပီယံရှစ် ပြိုင်ပွဲမှာ်လည်း လေးကြိမ်အထိဗိုလ်စွဲထားခဲ့ပါတယ်။
လက်ရှိမှာတော့ ချန်ပီယံရှစ်ကနေ ပရီမီယာလိဂ်ကို တန်းတက်လာဖို့ သေချာနေပြီဖြစ်တဲ့ အသင်းနှစ်သင်းက တော့ ရမှတ် ၉၂ မှတ်နဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ ဘရိုက် တန်အသင်းနဲ့ ရမှတ် ၈၈ မှတ်နဲ့ ဒုတိယနေရာက နယူး ကာဆယ်အသင်းတို့ဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ လာမယ့်ဘောလုံးရာသီ ပရီမီယာ လိဂ်မှာ မြင်တွေ့ရဖို့သေချာနေပြီဖြစ်ပြီး နောက်ထပ်တက် လာနိုင်မယ့်အသင်း တစ်နေရာအတွက်ကတော့ ရမှတ် ကွာဟမှုကျဉ်းမြောင်းနေတာကြောင့် တတိယမြောက်တက် ခွင့်ရမယ့်အသင်းဘယ်အသင်းဖြစ်လာမလဲဆိုတာ စောင့် ကြည့်ရဦးမှာပါ။
(ငွေကြယ်)

No comments:

Post a Comment