Wednesday, April 26, 2017

ဂရစ်ဇ်မန်းအား ပေါင် ၅ သန်းဖြင့်ခေါ်ယူရန် မန်ယူအသင်းပြင်ဆင်

Image may contain: 1 person
ပရီမီယာလိဂ်ကလပ် မန်ယူအသင်းသည် စပိန်လာ လီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်း တိုက် စစ်မှူး ဂရစ်ဇ်မန်းအား ပြောင်းရွှေ့ကြေးပေါင် ၈၅ သန်းဖြင့် ခေါ်ယူရန်ပြင်ဆင်လျက်ရှိပြီး ပရီမီယာလိဂ်ပြိုင်ဘက် အသင်းများဖြစ်ကြသည့် မန်စီးတီးအသင်းနှင့် ချယ်လ်ဆီး အသင်းတို့ကလည်း ခေါ်ယူရန်စိတ်ဝင်စားလျက်ရှိသည်။
ထို့ပြင် အက်သလက်တီကိုမက်ဒရစ်အသင်း တိုက် စစ်မှူး ဂရစ်ဇ်မန်းအား စပိန်ကလပ်အသင်းများဖြစ်ကြ သည့် ဘာစီလိုနာအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း တို့ကလည်း ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်းသိရသည်။
တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ယခုနှစ်ဘောလုံးရာသီ တွင် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်အတူ ပွဲပေါင်း ၄၆ ပွဲပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၂၅ ဂိုးသွင်းယူနိုင်ခဲ့ ကာ ဂိုးဖန်တီးပေးနိုင်မှု ၁၁ ကြိမ်အထိပြုလုပ်နိုင်ခဲ့သည်။
ထို့ကြောင့် ဂရစ်ဇ်မန်းအား ခေါ်ယူရန် မန်ယူအသင်း က ပထမဆုံးပြင်ဆင်လာခဲ့ပြီး မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကလည်း ဂရစ်ဇ်မန်းမှာ နွေရာသီအပြောင်း အရွှေ့ဈေးကွက်အတွင်း ပထမဦးစားပေးခေါ်ယူမည့် ကစားသမားအဖြစ် သတ်မှတ်ထားသည်။
မန်ယူအသင်းမှာ တိုက်စစ်မှူး အီဘရာဟီမိုဗစ် ဒဏ်ရာရရှိနေခဲ့ခြင်းကြောင့် ဂရစ်ဇ်မန်းကို ပိုစိတ်ဝင်စား လာခြင်းဖြစ်ပြီး ဂွာဒီယိုလာကလည်း အဂူရိုနေရာတွင် အစားထိုးရန် ပြင်ဆင်လျက်ရှိသည်။ ထို့ပြင် ချယ်လ်ဆီး နည်းပြ ကွန်တီကလည်း ဇန်နဝါရီလကတည်းက အထိုင် မကျဖြစ်နေသည့် ဒီယေဂိုကော်စတာနေရာတွင် အစားထိုး ရန် ဂရစ်ဇ်မန်းကို မျက်စိကျနေခြင်းဖြစ်သည်။
(ငွေကြယ်)

No comments:

Post a Comment