Sunday, April 30, 2017

ကလေးမွေးစာရင်းထုတ်ပေးခြင်း အရှိန်မြှင့်တင်ဆောင်ရွက်





 
နေပြည်တော် ဧပြီ ၂၉
 
 
ကလေးမွေးစာရင်းထုတ်ပေးခြင်းသည် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် လုံးဝ မသက်ဆိုင်ပါကြောင်း၊ ကလေးသူငယ် ဥပဒေအရ ကလေးမွေးဖွားရာနေရာ တွင် မွေးစာရင်းရပိုင်ခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး/ ပြည်နယ်ခုနစ်ခု၌ Campaignအသွင် မွေးစာရင်းထုတ်ပေးမှု ဆောင်ရွက်ခဲ့ရာ ကျန်ရှိသော တိုင်းဒေသကြီး/ ပြည်နယ် များတွင် ဆက်လက်ဆောင်ရွက်ရန်ရှိ ကြောင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် မကြာမီဆောင် ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် Door to Door စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် ဧပြီ ၂၈ ရက် နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၌ ကျင်းပသော မွေးဖွားမှု မှတ်ပုံတင်ရေး အရှိန်မြှင့်ဆောင်ရွက်ရေး အစည်းအဝေးတွင် တက်ရောက်လာကြ သူများက ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူး ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြ ပြီး ကလေးမွေးဖွားမှုမှတ်ပုံတင်ခြင်း၏ အရေးပါပုံ၊ ဆောင်ရွက်ထားရှိမှုနှင့် ဆက် လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment