Sunday, April 30, 2017

ရုပ်သံလွှင့်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသူ ပုဂ္ဂလိက ကုမ္ပဏီငါးခုနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး



ရန်ကုန် ဧပြီ ၂၉

 

 ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက် ရုပ်သံလွှင့်လုပ်ငန်း များတွင် လုပ်ကိုင်ခွင့်ရရှိသူ ပုဂ္ဂလိက ကုမ္ပဏီငါးခုနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်း ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် အဆိုပါကုမ္ပဏီငါးခုမှ တာဝန်ရှိသူများသည် ရုပ်သံလွှင့်မှု နည်းပညာပိုင်းဆိုင်ရာများ၊ မူဝါဒပိုင်း ဆိုင်ရာလိုအပ်ချက်များ၊ ရုပ်သံလွှင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ထုတ်လွှင့်နိုင်ရေးတို့ အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြ သည်။

အဆိုပါလုပ်ကိုင်ခွင့်ရရှိသူ ကုမ္ပဏီ ငါးခုမှာMizzima Media Co., Ltd.၊ Young Investment Group Co., Ltd၊ Kaung Myanmar Aung Co., Ltd၊ Fortune International Ltd၊ DVB Multi Media Group Co., Ltd တို့ဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ Multi Channel Playout Systemတွင် ရုပ်သံလွှင့်လုပ်ငန်း Di-gital Free- to- Air လုပ်ကိုင်ခွင့်ရရှိ သူ Content Provider များအဖြစ် ဧပြီ ၁၁ ရက်က ကြေညာခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)

No comments:

Post a Comment