Sunday, April 30, 2017

ဂျာမနီနှင့် မြန်မာတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်တည်ဆောက်နိုင်ရန် ဆွေးနွေး




 နေပြည်တော် ဧပြီ ၂၉


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဂျာမနီနိုင်ငံ Federal For-eign Office \ State Secretary ဖြစ်သူ Dr. Markus EDERER နှင့် ဘာလင်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ တွေ့ဆုံဆွေးနွေးသည်။ 

 တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂျာမနီနှင့် မြန်မာတပ်မတော် နှစ်ရပ်အကြားဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်တည် ဆောက်နိုင်ရန်ဖြစ်ပြီး တပ်မတော် နှစ်ရပ်ဆက်ဆံရေးအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အထောက်အကူဖြစ်စေ ရန်ဖြစ်ပါကြောင်း ပြောကြားကာ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုအခြေ အနေများနှင့် ငြိမ်းချမ်းရေးတည်ဆောက် မှုအခြေအနေများ၊ နယ်စပ်ဒေသအခြေ အနေများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဂျာမနီနိုင်ငံ၏ State Secretary ဖြစ်သူ Dr. Markus EDERERက နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန် လာမည်ဟုလည်း ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လိုအပ်သည့် နယ်ပယ်များတွင် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန်လည်း အစီအစဉ်များရှိပါ ကြောင်း ပြန်လည်ပြောကြားသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် ဘာလင်မြို့ Tegel လေဆိပ် တပ်မတော်လေယာဉ် ကွင်းမှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာLetzlingenကျေးရွာရှိ ဂျာမနီတပ်မ တော်လေ့ကျင့်ရေး သင်တန်းကျောင်း (Army Combat Training Cent-er)သို့ရောက်ရှိပြီး အဆင့်မြင့်နည်းပညာ သုံး လေ့ကျင့်မှုနည်းစနစ်များ၊Simula-tor အသုံးပြုလေ့ကျင့်မှုစနစ်များ၊ မြို့ပြ ပုံစံ တည်ဆောက်လေ့ကျင့်ရေးကွင်းများ သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။

ညပိုင်းတွင် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနေအိမ်၌ သံရုံး၊ စစ်သံရုံးမိသားစုများနှင့် တွေ့ဆုံပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က လက်ဆောင်ပစ္စည်းများ၊ အစားအသောက်၊ အဝတ်အထည်များ ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment