Saturday, April 1, 2017

ဗြိတိန်ဝန်ကြီးချုပ်ထံပေးစာတွင် လွတ်လပ်ရေးအတွက် မဲပေးခွင့်ပြုရန် စကော့တလန် အကြီးအကဲတောင်းဆို



လန်ဒန် မတ် ၃၁

 

စကော့တလန်အကြီးအကဲ နီကိုလာစတာဂျီယွန်သည် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာ မေအား သောကြာနေ့တွင် စာတစ်စောင် ရေးသားပေးပို့ခဲ့ရာ ယင်းပေးစာတွင် ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့အစည်းမှ ထွက်ခွာမှုမပြီးဆုံးမီ ၄င်းအနေဖြင့် စကော့တလန်၏ လွတ်လပ်ခွင့်အတွက် ဒုတိယမြောက် ရွေးကောက်ပွဲကျင်းပခွင့် တောင်းဆိုခဲ့ကြောင်း သိရသည်။

အင်္ဂလန်နှင့် ဝေးလ်တို့က ဥရောပသမဂ္ဂမှ ထွက်ခွာရန် မဲထည့်ခဲ့ကြသော်လည်း စကော့တလန်နှင့် မြောက်အိုင်ယာလန်နိုင်ငံတို့က ဥရောပသမဂ္ဂတွင် ဆက်လက်ရှိ နေရန် မဲထည့်ဝင်ခဲ့ကြသည်ဖြစ်ရာ ပြီးခဲ့သည့် ဇွန်လအတွင်းက ဗြိတိန်ခွဲထွက်ရေး အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့သည့်ရလဒ်များက စကော့တလန်နိုင်ငံ၏အနာဂတ်အတွက် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်အဂ¯နေ့က စကော့တလန်ကိုယ်စားပြု ပါလီမန်လွှတ်တော်က ၂ဝ၁၈ သို့မဟုတ် ၂ဝ၁၉ တွင် စကော့တလန် ခွဲထွက်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန်အတွက် မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့ကြသည်။ သို့သော် ထိုသို့ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဝက်ဘ်မင်စတာရှိ ဗြိတိန်အစိုးရအဖွဲ့၏ အတည်ပြုချက်ကို ရရှိမှသာ ကျင်းပနိုင်မည်ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ်မေကမူ ဗြိတိန်နှင့် ၄င်း၏အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံတို့အကြား ခွဲထွက်ရေးဆွေးနွေးလျက်ရှိသည့် နှစ်နှစ်တာအရှုပ်အထွေးများ ဖြစ်ပွားခဲ့ချိန်တွင် ထိုသို့ နောက်ထပ်ရွေးကောက်ပွဲတစ်ရပ်ကို ဆင်နွှဲရန် အချိန်အခါမဟုတ်ကြောင်း ပြောကြားခဲ့ပြီးဖြစ်သော်လည်း စကော့တလန်အကြီးအကဲက ယင်းပေးစာကို ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။ (ရိုက်တာ)

No comments:

Post a Comment