Saturday, April 1, 2017

ထွက်ပြေးနေသည့်ပြည်သူများစွာတို့အတွက် အကူအညီများပိုမိုပေးအပ်ကြရန် ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း




ဆူးလ် မတ် ၃၁


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် အီရတ် မြို့တော် မိုဆူးလ်မြို့ကို အိုင်အက်စ် စစ်သွေြး<ွကများလက်မှ ပြန်လည်ရယူ နိုင်ရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက် နေမှုများကြောင့် မြို့တွင်းမှ ထွက်ပြေး လျက်ရှိသည့် ပြည်သူများအတွက် အကူအညီများ ယခုထက် ပိုမိုပေးအပ်ကြ ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများအား သောကြာနေ့တွင် တိုက်တွန်းတောင်း ဆိုခဲ့သည်။

အီရတ်အစိုးရ တပ်ဖွဲ့ဝင်အင်အားစု များသည် ခြောက်လကြာအောင်တိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက်တွင် နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တစ်မြို့လုံး နီးပါးကို အစွန်းရောက်ဆွန်နီအစ္စလာမ္မစ် စစ်သွေြး<ွကအုပ်စုများ၏ လက်မှ ပြန်လည်ရယူနိုင်ခဲ့သည်။ သို့သော် တိုက်ပွဲများကြောင့် မြို့နေပြည်သူ ၃၅၅ဝဝဝ ထက်မနည်း နေအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု အစိုးရသတင်း ရင်းမြစ်များက ဆိုသည်။

လူဦးရေထူထပ်သည့် မြို့ဟောင်း အတွင်း၌ လမ်းမများ တစ်လျှောက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူလေးသိန်းမှာ တိုက်ခိုက် ပစ်ခတ်မှုများအတွင်း ပိတ်မိလျက်ရှိ သည်။ ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့ပြီဖြစ် သည်။

ကုလသမဂ္ဂနှင့် အီရတ်အာဏာပိုင် များသည် စစ်ဘေးခိုလှုံရေးစခန်းများ စွာကို တည်ဆောက်လျက်ရှိသော်လည်း အသစ်ထပ်မံရောက်ရှိလာသည့် စစ်ဘေး ရှောင်ပြည်သူများကို အတူတကွ စုစည်းကာ လုံလောက်စွာ နေရာချထား ပေးရန် ကြိုးစားရလျက်ရှိသည်။

ကံမကောင်းစွာဖြင့် စီမံလျာထား ချက်ပြည့်မီ ရန် ရှစ်ရာခိုင်နှုန်းသာ ငွေ ကြေးထည့်ဝင်နိုင်မှု ရှိသေးကြောင်း ၂ဝ၁၇ ခုနှစ်အတွက် ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှုဆိုင် ရာ တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်ကို ကိုးကားလျက် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဂူတာရက်စ်ကပြောကြား ခဲ့သည်။ ဒုက္ခသည် တဲစခန်းများသို့ နာရီဝက်ကြာ သွားရောက်ခဲ့သည့်အချိန် အတွင်း ပြည်သူများသည် သောက်သုံး ရေ အရည်အသွေးညံ့ဖျင်းမှုနှင့် ဆင်းရဲ$ကျပ်တည်းစွာ နေထိုင်ရမှုများကို စောဒကတက်ခဲ့ကြကြောင်း သိရ သည်။
(ရိုက်တာ)

No comments:

Post a Comment