Saturday, April 1, 2017

ထိပ်တန်းအသင်းတွေ အိမ်ကွင်းမှာ ခြေကုန်ဖွင့်ရဦးမယ့် ပရီမီယာလိဂ်ပွဲစဉ်(၃၀)



မိုးမြင့်လင်းလက် 


ဒီတစ်ပတ် စနေ၊ တနင်္ဂနွေဖြစ်တဲ့ ဧပြီ ၁ ရက်နဲ့ ၂ ရက်တွေမှာတော့ ပရီမီယာလိဂ် ပွဲစဉ် (၃ဝ)ကို ကစားဖို့ ရှိနေပါတယ်။ ဥရောပ ပွဲစဉ်တွေနဲ့ ၂ဝ၁၈ က္ဘာ့ဖလား ခြေစစ် ပွဲတွေကြောင့် ရပ်နားထားခဲ့ရတဲ့ ဥရောပ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင် တာဖြစ်ပါတယ်။ ဒီတစ်ပတ်ရဲ့ ပရီမီယာလိဂ်ပွဲစဉ်တွေထဲမှာ အသင်းကြီးတွေဖြစ်တဲ့ ချယ်လ်ဆီး၊ မန်ယူ၊ လီဗာပူးတို့ အိမ်ကွင်းမှာ ကစားကြရမှာဖြစ်လို့ အခြေအနေကောင်း နဲ့ ကြုံတွေ့ရမယ့်အနေအထားရှိနေပါတယ်။

လီဗာပူးနှင့် အဲဗာတန်
မန်စီးတီးကို တစ်ဂိုးစီသရေကစားခဲ့တဲ့ လီဗာပူးတို့က အိမ်ကွင်းမှာ ကစားရပေမယ့် ခြေတက်နေတဲ့ အဲဗာတန်ကြောင့် အခက်တွေ့နိုင်ပါတယ်။ အဲဗာတန်ဟာ အခုတလော ဝက်စ်ဘရွန်းကို သုံးဂိုးပြတ်နိုင်ပြီး ဟားလ်စီးတီးကို လေးဂိုးပြတ် ဆက်တိုက်အနိုင်ယူ ခဲ့တာမို့ အခုပွဲမှာ လီဗာပူးတို့ သေသေချာချာပြင်ဆင်ကစားမှ ရပါလိမ့်မယ်။ လီဗာပူး ရဲ့ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲရလဒ်ကို ကြည့်ရင် သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ် တွေ ထွက်ရှိထားသလို အဲဗာတန်တို့ကလည်း သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ် တွေရရှိထားပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲမှာ လီဗာပူးတို့က တစ်ဂိုး- ဂိုးမရှိနဲ့ နိုင်ပွဲရခဲ့တာမို့ ဒီပွဲမှာ လီဗာပူးတို့ နိုင်ခဲ့ရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။

မန်ယူနှင့် ဝက်စ်ဘရွန်း
နိုင်ပွဲတွေ ပြန်ရယူနိုင်နေတဲ့ မန်ယူဟာ ခြေစွာနေတဲ့ ဝက်စ်ဘရွန်းကို အိမ်ကွင်း ဆိုပေမယ့် ခက်ခက်ခဲခဲရင်ဆိုင်ရပါလိမ့်မယ်။ မန်ယူဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး အတွက် အာရုံစိုက်နေတာမို့ ဒီပွဲကို အနိုင်ရအောင် အားထုတ်ပါလိမ့်မယ်။ အသင်း လိုက်ကစားအားကောင်းလာတဲ့ မန်ယူဟာ တိုက်စစ်အား ထက်မြက်မှုလိုအပ်ချက် ရှိနေဆဲဖြစ်တာမို့ နည်းပြမော်ရင်ဟိုရဲ့ အခင်းအကျင်းက အရေးပါနေပါတယ်။ ဝက်စ် ဘရွန်းတို့က အာဆင်နယ်လိုအသင်းကိုတောင် သုံးဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရအောင် ကြိုးစား နိုင်ခဲ့တာမို့ မန်ယူတို့ ပွဲကျပ်ဖြစ်သွားနိုင်ပါတယ်။

လက်စတာနှင့် စတုတ်
အခုတလောနိုင်ပွဲတွေ ဆက်တိုက်ရယူနိုင်နေတဲ့ လက်စတာဟာ မနှစ်ကလို ခြေ စွမ်းပြန်ရအောင် အားထုတ်နိုင်နေပါတယ်။ လက်စတာအသင်းမှာ အားထားရတဲ့ တိုက်စစ်မှူး ဗာဒီနဲ့ မာရက်ဇ်တို့လည်း ခြေစွမ်းပြန်ပြနိုင်နေတာမို့ ရလဒ်တွေကောင်း နေပါတယ်။ စတုတ်တို့ကတော့ ရှုံးပွဲတွေ သရေပွဲတွေနဲ့ ကြုံတွေ့နေရပြီး ခြေစွမ်းမတည် ငြိမ်ပါဘူး။ မန်စီးတီးလို အသင်းကို ဂိုးမရှိ သရေပွဲရအောင် ကစားနိုင်ခဲ့တဲ့ ခြေစွမ်းရ ရင် လက်စတာတို့လည်း မလွယ်ပါဘူး။ ဒါပေမယ့် ခြေစွမ်းကောင်းရရှိနေတဲ့ လက်စတာ တို့ကိုပဲ ဒီပွဲမှာ ယုံကြည်မှုပေးရမှာပါ။ 

ချယ်လ်ဆီးနှင့် ခရစ္စတယ်ပဲလေ့စ်
တန်းစီဇယားကို ဦးဆောင်နေတဲ့ ချယ်လ်ဆီးဟာ ပရီမီယာလိဂ်ဖလားရယူနိုင်ရေး အတွက် သေချာအောင် လိုအပ်တဲ့ အမှတ်တွေကိုကြည့်နေပြီဖြစ်ပါတယ်။ ချယ်လ်ဆီး ရဲ့ ခြေစွမ်းက ကောင်းမွန်တည်ငြိမ်နေပြီး နိုင်ပွဲတွေချည်း ဆက်တိုက်ရယူနေပါတယ်။ တိုက်စစ်ရော၊ ခံစစ်ပါအားကောင်းနေတဲ့ ချယ်လ်ဆီးကို ခရစ္စတယ်ပဲလေ့စ်တို့ သိပ် တော့မလွယ်ပါဘူး။ ဝက်ဖို့ဒ်၊ ဝက်စ်ဘရွန်းနဲ့ မစ်ဒယ်ဘရော့အသင်းတွေကို နိုင်ပွဲတွေ ဆက်တိုက်ရယူနေတဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ခြေစွမ်းကလည်း ကောင်းမွန်နေတာမို့ ဒီပွဲမှာ အနိုင်ဆိုပေမယ့် ချယ်လ်ဆီးတို့ ဂိုးမပြတ်နိုင်ပါဘူး။

ဟားလ်စီးတီးနှင့် ဝက်စ်ဟမ်း
ဒီနှစ်သင်းနောက်ဆုံး တွေ့ဆုံခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းတို့က တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲ၊ ရယူ ထားပါတယ်။ ဟားလ်စီးတီးရဲ့ လက်ရှိခြေစွမ်းကလည်း အားရစရာမရှိပါဘူး။ ဝက်စ် ဟမ်းတို့ကလည်း အခုတလောရှုံးပွဲတွေ ဆက်နေတာမို့ ဒီပွဲမှာ မျှော်လင့်ချက်ထား လို့တော့မရပါဘူး။ အိမ်ကွင်းအားကိုးနဲ့ အမှတ်လိုအပ်နေတဲ့ ဟားလ်စီးတီးတို့ ဒီပွဲမှာ တစ်မှတ်တော့ရရှိနိုင်ပါတယ်။

ဘန်လေနှင့်စပါး
စတုတ်၊ အဲဗာတန်၊ မီဝေါလ်နဲ့ ဆောက်သမ်တန်အသင်းတွေကို နိုင်ပွဲဆက်တိုက်ရ ယူထားတဲ့ စပါးတို့က တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းစွမ်းရည်လည်း ကောင်းမွန်နေပါတယ်။ လေးပွဲမှာ ၁၅ ဂိုးသွင်းယူထားနိုင်တဲ့ စပါးတိုက်စစ်ကို ဘန်လေခံစစ်မှူးတွေ ဟန့်တား ဖို့မလွယ်ပါဘူး။ ဘန်လေတို့က ခြေစွမ်းကျဆင်းနေပြီး နိုင်ပွဲနဲ့ ဝေးကွာနေတာမို့ အခု ပွဲမှာ အဝေးကွင်းဆိုပေမယ့် စပါးတို့ပဲ နိုင်ပွဲရသွားနိုင်ပါတယ်။

ဝက်ဖို့ဒ်နှင့် ဆန်းဒါးလန်း
ရှုံးပွဲတွေဆက်နေတဲ့ ဝက်ဖို့ဒ်နဲ့ နိုင်ပွဲရှာမတွေ့သေးတဲ့ ဆန်းဒါးလန်းတို့ကတော့ အမှတ်ရရှိရေး အပြိုင်ရုန်းကန်ကြမှာဖြစ်ပါတယ်။ ပထမအကျော့တွေ့ဆုံတဲ့ပွဲမှာ ဆန်း ဒါးလန်းတို့က တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲရခဲ့တာမို့ အခုပွဲမှာတော့ ဝက်ဖို့ဒ်တို့ ရှုံြးေ<ွကးပြန် ဆပ်ဖို့ ကြိုးစားပါလိမ့်မယ်။ နှစ်သင်းစလုံး ခြေပျက်နေတာမို့ ဒီပွဲဟာသရေပွဲဖြစ်သွားဖို့ များနေပါတယ်။

ဆောက်သမ်တန်နှင့် ဘုန်းမောက်
ခြေစွမ်းအတက်အကျရှိနေတဲ့ ဆောက်သမ်တန်တို့က အခုပွဲက အိမ်ကွင်းဖြစ်တာမို့ အမှတ်ရအောင် ကြိုးစားပါလိမ့်မယ်။ ဘုန်းမောက်တို့က ဆွမ်ဆီးရော ဝက်စ်ဟမ်းတို့ ကိုပါ အနိုင်ယူထားတာမို့ စိတ်ဓာတ်တက်ြ<ွကနေပါတယ်။ အခုတလော အိမ်ကွင်းမှာ လည်း ရှုံးပွဲကြုံနေတဲ့ ဆောက်သမ်တန် ဒီပွဲမှာ တစ်မှတ်ရရင် ကံကောင်းတယ်လို့ မှတ်ယူရမှာပါ။ ။

No comments:

Post a Comment