Saturday, April 29, 2017

ကားတိမ်းမှောက်၍ သုံးဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

No automatic alt text available.
မြင်းမူ ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် မုံရွာ - မြင်းမူ - မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၄၁/၂ - ၃)ကြားတွင် ယနေ့နံနက် ၁၁နာရီ ၄၅ မိနစ်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မြင်းမူမြို့နယ် ပျော့ရွာ ကျေးရွာအနီး မုံရွာ-မြင်းမူ-မန္တလေး ကားလမ်းအနီး မန္တလေးမှ မုံရွာသို့ အမရပူရမြို့နယ် အိုးဘိုရပ်နေ ထွန်းမင်းလတ် မောင်းနှင်သည့် ယာဉ် အမှတ်MDY-8L/----လိုက်ထရပ် ယာဉ်သည် အခင်းဖြစ်ရာနေရာ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက် ကာ ယာဉ်မောင်း ထွန်းမင်းလတ်(ခ) ရှောင်ကပ်နှင့် ဒေါ်လှရီတို့သည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဒေါ်တွတ်သည် ရရှိဒဏ်ရာများဖြင့် မန္တလေးအထွေထွေ ရောဂါကုဆေးရုံ ကြီးသို့ လွှဲပြောင်းစဉ် လမ်း၌ မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ ခန့်တွင် သေဆုံးခဲ့ပြီး အမျိုးသားလေးဦးနှင့် အမျိုးသမီး ၁ဝ ဦးတို့ (မစိုးရိမ်ရ) ဒဏ်ရာများရရှိ ကြောင်း သိရသည်။
ထို့ပြင် မြင်းမူမြို့မရဲစခန်းက ယာဉ်မောင်း ထွန်းမင်းလတ်(ခ) ရှောင်ကပ်(သေဆုံး)အား အမှုဖွင့် ထားကြောင်း သိရသည်။
(၆၂၄)

No comments:

Post a Comment