Saturday, April 29, 2017

ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

No automatic alt text available.
နေပြည်တော် ဧပြီ ၂၈
တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၉၅၅ စီး၊ သွင်းကုန် ၄၇၁ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၈ စီး၊ သွင်းကုန် ၂ဝ၇ စီးဖြင့် ကုန်စည် များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များအား စစ်ဆေးမှုပြုလုပ်ဆောင်ရွက် လျက်ရှိရာ ဧပြီ ၂၇ ရက်တွင် ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု (ခန့်မှန်းတန်ဖိုးကျပ် ၈ဝ ဒသမ ၇၅၄ သန်းခန့်)နှင့် မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုနှစ်မှု (ခန့်မှန်းတန်ဖိုးကျပ် ၂ ဒသမ ၄ သန်းခန့်) စုစုပေါင်း ခြောက်မှု (ခန့်မှန်းတန်ဖိုး ကျပ် ၈၃ ဒသမ ၁၅၄ သန်းခန့်) သိမ်းဆည်း ရမိကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် ဧပြီ ၂၇ ရက်တွင် မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်တင်ယာဉ် အား မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Cyanide ဟု ယူဆရသော အခဲများ(1x50)Kg လေးပုံး (ခန့်မှန်းတန်ဖိုးကျပ် ၁ ဒသမ ၆ သန်းခန့်)အား တွေ့ရှိ၍ သိမ်းဆည်း ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment