Saturday, April 29, 2017

စပါးအသင်း ပရီမီယာလိဂ်ဖလားရနိုင်သေးကြောင်း အဲရစ်ဆင်ပြောကြား

Image may contain: 1 person
ခရစ္စတယ်ပဲလေ့အသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် စပါး အသင်းမှာ ပရီမီယာလိဂ်ဖလား ရနိုင်သေးကြောင်း ခရစ္စတယ်ပဲလေ့အသင်း နှင့်ပွဲစဉ်တွင် တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့သည့် အဲရစ်ဆင်က အခိုင်အမာ ပြောကြားခဲ့သည်။
စပါးအသင်းသည် အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်လျက်ရှိသည့် ချယ်လ်ဆီးအသင်းနှင့်အတူ ပရီမီယာလိဂ်ပွဲစဉ်(၃၃)အပြီးတွင် ချယ်လ်ဆီး အသင်းက ၇၈ မှတ်၊ စပါးအသင်းက ၇၄ မှတ်ဖြင့် အမှတ်ပေးဇယားတွင် အသီးသီးရပ်တည်လျက်ရှိသည်။
ထို့ကြောင့် လက်ကျန်လေးပွဲကစားရန် ကျန်ရှိနေချိန်တွင် ဇယားထိပ်က ချယ်လ်ဆီးအသင်းနှင့် လေးမှတ်သာ ကွာဟတော့ခြင်းကြောင့် ပရီမီယာလိဂ်ဖလား ရရှိရန် မျှော်လင့်ချက်ရှိနေဆဲပင်ဖြစ်ကြောင်း အဲရစ်ဆင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
(ငွေကြယ်)

No comments:

Post a Comment