Saturday, April 1, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အဖွဲ့ဝင်များနှင့် ပညာရေးလုပ်ငန်းစဉ်များ ဆွေးနွေး



Image may contain: 1 person, sitting, table and indoor
ရန်ကုန် မတ် ၃၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မတ်၂၉ ရက် မွန်းလွဲပိုင်းက ကမာရွတ် မြို့နယ် အမှတ် ၄၂၆ ပြည်လမ်းရှိ အမျိုးသားပညာရေးမူဝါဒကော်မရှင်ရုံးသို့ သွားရောက်ပြီး တစ်နှစ်တာ ပညာရေးဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။ အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ အဆင့်မြင့်ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အခြေခံပညာကဏ္ဍနှင့်ပတ်သက်၍ သင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားရေး ဆောင်ရွက်မှုနှင့်ပတ်သက်၍ လည်းကောင်း၊ KG+ ၁၂ သင်ရိုးညွှန်းတမ်း ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဆရာ ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ Grade–1 ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များ၊ လက်ရေးကျင့်စာအုပ်များနှင့်ပတ်သက် ၍လည်းကောင်း၊ အဆင့်မြင့်ပညာကဏ္ဍ အရည်အသွေးမြင့်မားရေး များနှင့်ပတ်သက်၍ လည်းကောင်း၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်မည့် ကျွမ်းကျင်လုပ်သားအင်အားစု ပြုစုပျိုးထောင် သင်ကြားလေ့ကျင့်ပေးရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်းကောင်း ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် တစ်နှစ်တာအတွင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်က ၂ဝ၁၆ ခုနှစ် အောက်တိုဘာ လမှစတင်၍ ခြောက်လအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပညာရေးဆိုင်ရာမူဝါဒ ချမှတ်နိုင်ရန်အတွက် ဆွေးနွေးပြီး အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အဖွဲ့ဝင်များက ပညာရေးဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ရန်အတွက် အကြံပြု ချက်များကို သီးသီးဆွေးနွေးကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment